ASUS UX534FTC-A8197T Laptop

Royal Blue အရောင်နဲ့ဝင်ရောက်လာတဲ့ ASUS UX534FTC-A8197T Laptop ဖြစ်ပါတယ်။ Creator သမားတွေကို ရည်ရွယ် ထုတ်လုပ်ထားတဲ့ ZenBook series တစ်ခု ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားပြီး ပုံမှန် laptop တွေနဲ့ မတူဘဲ ထူးခြားတာကတော့ ScreenPad 2.0 ပါ။ ပင်မမျက်နှာပြင်အကြီးကို ထိခိုက်မှုလုံးဝ မရှိစေဘဲ နောက်ထပ် မျက်နှာပြင်အသေးတစ်ခုဖြစ်တဲ့ ScreenPad 2.0 မှာ app တွေ video တွေ control တွေ နဲ့ တခြားနည်းပညာတွေကို ထပ်သုံးနိုင်မှာဖြစ်ပါတယ်။

Intel Comet Lake Core i7-10510U CPU ထောက်ပံ့ပေးထားပြီး Graphic အတွက် Nvidia GTX 1650 4GB DDR5 ထောက်ပံ့ပေးထားပါတယ်။ RAM ပိုင်းအတွက်ကိုတော့ 16 GB DDR4 2666 MHz အသုံးပြုထားပါတယ်။

အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် Storage အနေနဲ့ 1 TB M.2 NVMe SSD အထိရရှိမှာဖြစ်ပါတယ်။ ဘက်ထရီအတွက်ကိုတော့ 71 Wh, 120W charger ထောက်ပံ့ပေးထားပါတယ်။ 15.6 လက်မအရွယ် Display ကို အသုံးပြုထားပါတယ်။အခြားသော စနစ်တွေ အနေနဲ့ Wireless 6 (Intel AX201), Bluetooth 5.0, Fast LAN (via USB dongle), 2x USB-A 3.1, 1x USB-C 3.1 gen2 with data, HDMI, SD card reader, mic/headphone, IR Camera စတာတွေထောက်ပံ့ပေးထားပါတယ် ။ အရွယ်အစားက 354x 220 x 17.9 mm ဖြစ်ပြီး အလေးချိန် 1.69kg သာရှိပါတယ်။

အမေရိကန်ဒေါ်လာ 1594 နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Asus Myanmar ကနေ တရားဝင် တင်သွင်းတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ IT အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««