ASUS TUF FA506II-AL063T Laptop

ဓာတ်ပုံဆရာများ၊ ပရိုဂရမ်မာများ၊ ဗီဒီယိုဆရာများ၊ သတင်းသမားများ၊ ဂိမ်းဝါသနာရှင်များအတွက် ဈေးနှုန်းသက်သာတဲ့ ASUS TUF FA506II-AL063T Laptop ပြည်တွင်းစျေးကွက်အတွင်း ၀င်ရောက်လာပါတယ်။

AMD® Ryzen™ 7 4800H 2.90 GHz (Up to 4.2GHz) 8 MB CPU နဲ့ RAM ပိုင်းအတွက် DDR4 memory စနစ်နဲ့ 8 GB ထည့်သွင်း အသုံးပြုထားပါတယ်။ Graphic ပိုင်းအတွက် NVIDIA GTX1650Ti 4GB GDDR6 VRAM GPU ထောက်ပံ့ပေးထားပါတယ်။အချက်အလက်တွေ သိမ်းဆည်းဖို့ အတွက်ကိုတော့ 512GB SSD PCIe ထည့်သွင်းအသုံးပြုထားပါတယ်။ Display ပိုင်းအတွက် ၁၅.၆ လက်မ အရွယ် IPS အမျိုးအစား အသုံးပြုထားတဲ့အတွက် နေရာမရွေး အလင်းရောင်မရွေး ရုပ်ထွက် အရည်အသွေး ကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Integrated Wi-Fi 5(802.11AC), BT-5.0, HD 720p CMOS module Web Cam, Type C USB 3.2, Type A USB 3.2, USB 2.0, RJ45 LAN, HDMI, Combo Audio Jack စတာတွေလည်း ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစားက 14.50 x 10.10 x 0.98 inches ဖြစ်ပြီး 2.3kg အလေးချိန်ရှိပါတယ်။ ကန်ဒေါ်လာ ၉၉၉ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။UNiQUE iT & Computer ဖုန်း ၀၉၄၅၂၂ ၄၄၁၀၀ ကို ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ