Asus TUF Dash F15 (RTX 3070)

ဈေးနှုန်း – ကန်ဒေါ်လာ ၁၄၄၉

အားသာချက်

ထူးခြားပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ အဖြူရောင် ပရီမီယံဒီဇိုင်း၊ စစ်တပ်သုံး အကြမ်းခံနိုင်တဲ့ ကိုယ်ထည်တည်ဆောက်ထားမှု၊ ဂိမ်းကစားပေမယ့် ကိုယ်ထည်က ပူနွေးမှုမရှိတာနဲ့ ပြိုင်ဘက်တွေကို ကောင်းကောင်း အလဲထိုးနိုင်တဲ့ ဘက်ထရီကြာချိန်တွေရှိတာက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

Webcam မပါဝင်တာ၊ စပီကာပိုင်းက အနည်းငယ် အားမရတာနဲ့ display က အနည်းငယ်မှိန်တယ်လို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။

သုံးသပ်ချက်

Asus TUF Dash F15 က မြင်နေကျမဟုတ်တဲ့ ဒီဇိုင်းအသစ်နဲ့ ဖန်တီးထားတာ ဖြစ်သလို စစ်သုံးအဆင့် အကြမ်းခံတဲ့ ကိုယ်ထည်က ဂိမ်းဆော့လည်း ပူနွေးမှုမရှိဘဲ ပုံမှန်အတိုင်းရှိတာက သဘောကျစရာပါ။ ထိပ်တန်း mainstream ဂိမ်း Laptop ဖြစ်တဲ့ Alienware m15 R4 လိုမျိုး ဂိမ်း Frame rates ထောက်ပံ့ပေးနိုင်ခြင်း မရှိပေမယ့် သင့်စိတ်ကြိုက်ဂိမ်းတွေကို ကစားနိုင်မှာဖြစ်သလို ဈေးနှုန်းအားဖြင့်လည်း ဒေါ်လာတစ်ထောင်လောက် သက်သာတဲ့ Laptop လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Laptop မှာ Webcam မပါဝင်သလို Display က အနည်းငယ် မှိန်တယ်လို့ ခံစားရတာတွေကလွဲရင် TUF Dash F15 ရဲ့ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက Nvidia 30 series သုံး ပြိုင်ဘက်မော်ဒယ်တွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီး အချိန်ကြာကြာ သုံးနိုင်တာက နှစ်သက်စရာပါ။ သင့်အနေနဲ့ ဒေါ်လာ ၁၅၀၀ အောက် လုပ်ငန်းသုံးပဲသုံးသုံး၊ ဂိမ်းပဲ ကစားကစား စွယ်စုံသုံးနိုင်တဲ့ ဒီဇိုင်းလှပပြီး အကြမ်းခံတဲ့ Laptop ကို သုံးချင်ရင်တော့ TUF Dash F15 က ထိပ်တန်းရွေးချယ်စရာ Laptop တစ်လုံးပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Asus TUF Dash F15 ရဲ့ ၁၅.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 1920x1080p ထောက်ပံ့ပေးနိုင်သလို Screen refresh rate ကို 240Hz ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ Laptop ရဲ့ ဘေးဘောင်နဲ့ အပေါ်ဘောင်ကို ဘောင်ပါးပါးလေးနဲ့ ဖန်တီးထားတာ ဖြစ်လို့ အထူးပဲ ဆွဲဆောင်နိုင်လှသလို ပရီမီယံကိုယ်ထည်ကလည်း လှပမှုရှိတာ ကျေနပ်စရာပါ။ Intel Core-i7-11370H processor ကို အသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1TB SSD တွေ ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Intel Nvidia GeForce RTX 3070 GPU ထောက်ပံ့ပါဝင်ပါတယ်။ Geekbench 5.0 ရဲ့ overall စွမ်းဆောင်ရည်ရမှတ်အနေနဲ့ ၅၁၇၃ ရှိပြီး ဒီရမှတ်က ပျှမ်းမျှရှိသင့်တဲ့ mainstream Laptop တစ်လုံးရမှတ် ၅၇၈၅ ထက် နည်းတဲ့ရမှတ်ဖြစ်ပေမယ့် Assassin’s Creed Odyssey (1080p, Very high) ကို 51fps နဲ့ ကစားနိုင်တာက 48fps နဲ့သာ ကစားနိုင်တဲ့ mainstream ဂိမ်း Laptop တွေထက် ပိုပြီး မြင့်မားမှုရှိတာ သဘောကျစရာပါ။ ကိုယ်ထည်ရဲ့ အောက်ဘက်က စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်းက ကျယ်လောင်ကောင်းမွန်မှု ရှိပါတယ်။ ချောကလက်တုံးစတိုင်လ် ကီးဘုတ်က အသုံးပြုရတာ သက်သောင့်သာရှိသလို ၄.၁x၂.၉ လက်မ အရွယ်အစား touchpad က အရမ်းချောမွေ့တာမျိုး မဟုတ်ပေမယ့် သုံးရတာ ကောင်းမွန်ပြီး မြန်ဆန်တဲ့ တုံ့ပြန်မှုရှိတာ သဘောကျစရာပါ။ Laptop ရဲ့ ညာဘက်ဘောင်ထဲမှာ USB 3.2 ပေါက် နှစ်ပေါက်ရှိမှာ ဖြစ်ပြီး ဘယ်ဘက်ဘောင်ထဲမှာတော့ USB 3.2 ပေါက်၊ HDMI ပေါက်၊ Thunderbolt 4 ပေါက်နဲ့ နားကြပ်ပေါက်တွေ ထည့်သွင်းပေးထားပါတယ်။

Asus TUF Dash F15 ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၆ နာရီနဲ့ ၅၃ မိနစ်ခန့် အသုံးပြုနိုင်တာက mainstream ဂိမ်း Laptop တစ်လုံးရှိသင့်တဲ့ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကြာချိန် ၇ နာရီ ၀၁ မိနစ်နီးပါးရှိတာ ကျေနပ်စရာပါ။ အလေးချိန်ကတော့ ၁.၉၉ ကီလိုဂရမ် (၄.၄ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««