Asus ROG Zephyrus M GU502

ဈေးနှုန်း – ကန်ဒေါ်လာ ၁၅၇၉

အားသာချက်

ပြည့်ဝကောင်းမွန်တဲ့ GPU နဲ့ Laptop စွမ်းဆောင်ရည်၊ ကာလာအရည်အသွေးစုံလင်တဲ့ 144 Hz display, အချိန်ကြာကြာ သုံးနိုင်တဲ့ ဘက်ထရီစနစ်နဲ့ ပြိုင်ဘက်ဂိမ်း Laptop တွေနဲ့ ယှဉ်နိုင်တဲ့ ဈေးနှုန်းတွေရှိတာက ဒီ Laptop ရဲ့ အားသာချက်ပါ။

အားနည်းချက်

ဂိမ်း Laptop ဖြစ်တဲ့အတွက် စပီကာရဲ့ အသံထွက်ပိုင်းနဲ့ Display ရဲ့ brightness တောက်ပမှုပိုင်း ဒီထက် ပိုကောင်းသင့်သလို အသုံးပြုချိန်မှာ Laptop ကိုယ်ထည်ပူနွေးလာတာ၊ Webcam,Card reader ပေါက်နဲ့ လက်ဗွေစနစ်တွေ မပါတာက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

Asus ROG Zephyrus M GU502 က ပြိုင်ဘက်ဂိမ်း Laptop တွေနဲ့ ဈေးနှုန်းခြင်း ကောင်းကောင်းယှဉ်ပြိုင်နိုင်တဲ့ ဂိမ်း Laptop တစ်လုံးလို့ ဆိုရမှာပါ။ ဘက်ထရီနဲ့အချိန်ကြာကြာသုံးနိုင်တာ၊ ကာလာအရည်အသွေးနဲ့ မြင့်မားတဲ့ refresh rate ရှိတဲ့ Display နဲ့ ဂိမ်းကစားသူတွေ စိတ်ကြိုက်ဖြစ်စေမယ့် ဂရပ်ဖစ်စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတာက ပေးရတဲ့ ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမှာပါ။ Asus ရဲ့အဆိုအရ ထည့်ပေးတဲ့ Webcam က ဂိမ်းကစားသူတွေ စိတ်ကျေနပ်စေမှာမဟုတ်လို့ မထည့်ထားတာဆိုပေမယ့် SD ကတ်စနစ်၊ လုံခြုံရေးလက်ဗွေစနစ် စတာတွေမပါဝင်တာနဲ့ အသံထွက်ပိုင်းက သာမန်လို့ ခံစားရတာတွေကလွဲရင် သင့်တင့်တဲ့ ဈေးနှုန်းရှိတဲ့ Laptop တစ်လုံးကို သုံးချင်သူတွေအတွက် သင့်တော်တဲ့ စွမ်းဆောင်ရည်မြင့်ဂိမ်း Laptop တစ်လုံး ဖြစ်ပေမယ့် သင့်အနေနဲ့ စပီကာအသံထွက်ပိုင်း ပိုကောင်းပြီး စွမ်းဆောင်ရည်ပိုင်း ပိုမြင့်မားတာကို လိုချင်ရင်တော့ Asus ROG Zephyrus G14 ကို ပိုရွေးချယ်သင့်တယ်လို့ ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Zephyrus M GU502 ရဲ့ 240Hz refresh rate ရှိတဲ့ ၁၅.၆ လက်မ Display က ရုပ်ထွက်အရည်အသွေး 1920x1080p ထောက်ပံ့ပေးနိုင်ပါတယ်။ 10th Gen Intel Core-i7-10750U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce RTX 2070 Max-Q GPU (8GB VRAM) ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1TB SSD တွေ ပါဝင်ပါတယ်။ ဂိမ်း Laptop တစ်လုံးရဲ့ ပျှမ်းမျှ ဂရပ်ဖစ်စွမ်းဆောင်ရည်ရှိတဲ့ ဒီ Laptop ရဲ့ စပီကာအသံထွက်ကလည်း ပျှမ်းမျှလောက်ပဲ ရှိသလို လုံလောက်တဲ့ ကျယ်လောင်မှု မရှိဘူးလို့ ခံစားရပေမယ့် Asus Sonic Studio III နည်းပညာ ထောက်ပံ့ပါဝင်တဲ့အတွက် အသံအရည်အသွေးကို ပိုကောင်းအောင် တိုးမြှင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိမိအနေနဲ့ Smart Volume စနစ်ကို ဖွင့်ပြီး Extreme ထားရှိအသုံးပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။ Touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Guesture စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop မှာ ဂိမ်းကစားဖို့အတွက် လုံလောက်တဲ့ port တွေ ပါဝင်လာတယ်လို့ ဆိုရမှာပါ။ USB 3.2 Type-A ပေါက်၊ Kensington Lock ပေါက်၊ RJ45 ပေါက်၊ mic ပေါက်၊ USB 3.2 Type-C ပေါက်၊ HDMI ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

Zephyrus M GU502 ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၂၃ မိနစ်ခန့် အသုံးပြုနိုင်တာက ဂိမ်း Laptop တစ်လုံးအတွက် နှစ်ခြိုက်စရာပါ။ အလေးချိန်ကတော့ ၁.၉ ကီလိုဂရမ် (၄.၃ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««