Asus ROG Phone 5 ဗီဒီယို ထွက်လာ

ASUS ရဲ့ ROG Phone ဖုန်းသစ် သတင်းတွေက ပိုမိုထွက်ပေါ်လာပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။ နောက်ဆုံးထွက်လာတဲ့ ပေါက်ကြားမှုအရ ASUS ရဲ့ ROG Phone 5 မှာတော့ ဒုတိယမြောက် မျက်နှာပြင်ပါဝင်ပြီး ဖုန်းရှေ့နဲ့နောက်ကိုလည်း ဖော်ပြထားပါတယ်။

ROG Phone 5 မှာ‌တော့ ဒုတိယမြောက် မျက်နှာပြင်အသေးစားလေး ပါဝင်လာပြီး pattern နဲ့ သတိပေးချက်တွေကိုလည်း ဖော်ပြပေးပါတယ်။ ဗီဒီယိုမှာတော့ ဂိမ်းနဲ့ ဖုန်းခေါ်ဆိုမှုအတွက် စမ်းသပ်ပြခဲ့ပါတယ်။ ROG Phone ဖုန်းသစ်ရဲ့ အဓိက မျက်နှာပြင်ကတော့ ROG Phone 3 လိုမျိုး အောက်ခြေနဲ့ ထိပ်ဘက်က ဘေးဘောင်တွေက ခေါက်ချိုးညီ ဒီဇိုင်းကို အသုံးပြုထားပါတယ်။

အသစ်ထွက်မယ့် ROG Phone မှာတော့ 144Hz refresh rate display, Snapdragon 888 ချစ်ပ်နဲ့ ဘက်ထီ 6,000mAh ပါဝင်လာဖွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««