ASUS ROG Phone 2

Price : 785,000 Ks

အားသာချက်

120Hz AMOLED Display ၊ စိတ်ကျေနပ်ဖွယ်ရာ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှု၊ ဖုန်းရဲ့ ကိုယ်ထည်မှာ RGB မီးလင်းဒီဇိုင်း အနေနဲ့ ပါဝင်တဲ့ သေသပ်လှပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကိုယ်ထည်ဒီဇိုင်း၊ နောက်ဆုံးပေါ် ဟာ့ဒ်ဝဲတွေအသုံးပြုထားမှု၊ bloatware တွေမပါဝင်တာတွေ အပြင် ပြိုင်ဘက်ကင်း စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတာက ဒီဖုန်းရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

စွမ်းဆောင်ရည်မြင့်မားကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်ပေမယ့် ရေစိုခံတဲ့ ဖုန်းတစ်လုံး မဟုတ်သလို သူ့မှာ ကြိုးမဲ့အားသွင်းနိုင်တဲ့ Wireless charging စနစ်တွေလည်း ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။ ဖုန်းနဲ့ ဂိမ်းကစားတဲ့ သုံးစွဲသူတွေကို အထူးဆွဲဆောင်နိုင်အောင် ဖန်တီးထားတဲ့ အထင်ကြီးစရာ ဖုန်းဒီဇိုင်းက လူတိုင်းအတွက်တွေ မဟုတ်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်ပါ။ နောက်တစ်ခုက သူ့နဲ့ တွဲသုံးရတဲ့ ဆက်စပ်ပစ္စည်းတွေကို သီးသန့်ထပ်ဝယ်သုံးရမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

ဒီဖုန်းမှာ အမြန်နှုန်း 2.4GHz ရှိတဲ့ Qualcomm SM8150 Snapdragon 855+ (7 nm) Octa-core processor ကို အသုံးပြုထားပြီး RAM 8 GB နဲ့ သိုလှောင်နိုင်မှုပမာဏ 128GB ရှိပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 640 (700 MHz) ထောက်ပံ့ပါဝင်ပြီး ဒီဖုန်းမှာ OS အနေနဲ့ Android 9 အခြေပြု ROG UI ကို ထည့်သွင်းထားပါတယ်။ Under-display လက်ဗွေစနစ်က မြန်ဆန်မှုရှိပါတယ်။ ဖုန်းနဲ့ ဂိမ်းအမြင့်တွေကစားဖို့အတွက် ရည်ရွယ်ထားတဲ့ ဒီဖုန်းက ဖုန်းဂိမ်းမျိုးစုံကို စိတ်တိုင်းကျ ဆော့ကစားနိုင်မှာြဖစ်သလို ROG Laptop နဲ့ တွဲဖက်ချိတ်ဆက်ပြီးလည်း ဂိမ်းတွေ ကစားနိုင်တာက အားရစရာပါ။ ဖုန်းရဲ့ ဆက်စပ်ပစ္စည်းဖြစ်တဲ့ ပန်ကာကလည်း အချိန်ကြာကြာ ဖုန်းအသုံးပြုမှုအတွက် ဖုန်းကိုယ်ထည်ပူနွေးလာမှုမရှိအောင် အပြည့်အဝ လုပ်ဆောင်ပေးနိုင်တာက အထင်ကြီးစရာကောင်းလှပါတယ်။ OS ပိုင်းမှာပါဝင်အတွက် game option တွေကလည်း ဂိမ်းဖုန်းတစ်လုံးအတွက် အဆင်ပြေလှပြီး DTS:X stereo speakers တွေက အသံထွက်ပိုင်းကောင်းမွန်သလို နားကြပ်နဲ့အသုံးပြုမှုကလည်း အသံပိုင်းက ကျေနပ်စရာပါ။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ROG Phone 2 က Huawei Mate 20X နဲ့ Samsung Galaxy Note 10 Plus တို့လိုမျိုး ကြီးမားတဲ့အရွယ်အစား ရှိပေမယ့် ဒီဇိုင်းပိုင်းက အဲဒီဖုန်းတွေနဲ့မတူဘဲ ကျောဘက်မှာ RGB အလင်းရောင်နဲ့ ROG log ကို ထည့်သွင်းထားပြီး အနည်းငယ်ထူပြီး ကိုင်ရတာ အနည်းငယ်လေးတယ်လို့ ခံစားရမယ့် ဖုန်းဖြစ်ပါတယ်။ ကျောဘက်ကို ဖန်နဲ့အုပ်ထားပြီး သတ္တုနဲ့ဖန်တီးထားတဲ့ ကိုယ်ထည်ဒီဇိုင်းက လက်ထဲမှာကောင်းရတာ ချောတယ်လို့ မခံစားရသလို ကိုင်ရတာ အံဝင်ခွင်ကျရှိပါတယ်။ USB-C ပေါက်က ဖုန်းရဲ့ အောက်ဘက်ဘောင်ထဲမှာနဲ့ ညာဘက်ဘောင်ထဲမှာ တပ်ဆင်ထားပြီး ပါဝါခလုတ်၊ အသံအတိုးအကျယ် ခလုတ်နဲ့ SIM ကတ်ပေါက်တွေကိုလည်း ညာဘက်ဘောင်ထဲမှာပဲ ထည့်သွင်းထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်ကိုတော့ Gorilla Glass 6 နဲ့ အုပ်ထားပြီး စတူဒီယိုစပီကာတွေကိုလည်း မျက်နှာပြင်ရဲ့အပေါ်အောက်တွေမှာ တပ်ဆင်ထားပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၅၉ လက်မရှိတဲ့ AMOLED Display က notch မပါဝင်တဲ့အတွက် မျက်နှာပြင်က 120Hz refresh rate အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ notch မပါဝင်တဲ့အတွက် ဖုန်းကိုယ်ထည်မှာ Touch panel ပါဝင်မှု screen-to-body ratio က ၈၀.၃ ရာခိုင်နှုန်း ရှိပါတယ်။ ၂၄၀ ဂရမ် အလေးချိန်က အနည်းငယ်ကိုင်ရတာ လေးတယ်လို့ ခံစားရမှာဖြစ်သလို ကြီးမားတဲ့ ကိုယ်ထည်က လက်တစ်ဖတ်တည်းနဲ့ ကိုင်တွယ်အသုံးပြုဖို့အတွက် အနည်းငယ်ကြီးတယ်လို့ ခံစားရပါတယ်။

ကင်မရာ

ကျောဘက်ကင်မရာစနစ်မှာ Honor 20 Pro နဲ့ OnePlus 7 Pro တို့မှာလိုမျိုး apeature f/1.8 ရှိတဲ့ 48MP အမျိုးအစား မြင်ကွင်းကျယ် Wide-angle ကင်မရာတစ်လုံးနဲ့ apeature f/2.4 ရှိတဲ့ 13 MP အမျိုးအစား ultra-wide ကင်မရာတစ်လုံးနှစ်လုံး ပါဝင်ပြီး ရှေ့ဘက်ကတော့ apeature f/2.2 ရှိတဲ့ 24 MP အမျိုးအစား ကင်မရာကို တပ်ဆင်ထားပါတယ်။ ကျောဘက်ကင်မရာစနစ်မှာ PDAF, Laser AF, LED Flash စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ ရှေ့နောက်ကင်မရာစနစ် နှစ်ခုစလုံးမှာ HDR စနစ်ထောက်ပံ့ပါဝင်ပြီး 2160p အရည်အသွေး ဗီဒီယိုကို 30/60fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ နေ့နဲ့ ညရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ကင်မရာစနစ်လို့ ဆိုရမှာဖြစ်ပေမယ့် လက်ရှိဈေးကွက်ထဲက flagship နဲ့ တချို့ mid-range ဖုန်းတွေမှာတော့ ကင်မရာသုံးလုံးအထိ ပါဝင်နေပါပြီ။ OIS (optical image stabilization) နည်းပညာတော့ ထောက်ပံ့ပါဝင်ခြင်း မရှိပါဘူး။ ဒါကလည်း ဂိမ်းကစားဖို့အတွက် အဓိက လုပ်ဆောင်ချက်တွေ ထည့်သွင်းထားလို့ ကင်မရာပိုင်းက ထူးထူးခြားခြား အထင်ကြီးစရာ နည်းပညာတွေမပါဝင်ပေမယ့် ပုံမှန်ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးမှုအတွက် ကောင်းမွန်တယ်လို့ ဆိုရမှာဖြစ်ပြီး ပရော်ဖက်ရှင်နယ် ရိုက်ကူးသူတွေအတွက် Pro mode (manual) ထောက်ပံ့ပါဝင်ပါတယ်။

ဘက်ထရီ

Refresh rates မြင့်မားပြီး ဘက်ထရီသုံးစွဲမှု များပြားတဲ့ 120Hz panel သုံးထားတဲ့ ဒီဖုန်းမှာ 6000 mAh ပမာဏ ဘက်ထရီက အားအပြည့်သွင်းထားမယ်ဆိုရင်တော့ ၂ ရက်လောက် အသာလေးအသုံးပြုနိုင်တာက လက်ရှိထွက်ထားတဲ့ flagship ဖုန်းတွေလိုမျိုး ဘက်ထရီပိုင်းက အားရစရာကောင်းတဲ့ ဖုန်းလို့ ပြောရမှာပါ။ အားသွင်းမြန်ဆန်တဲ့ 30W Quick Chare 4.0 နည်းပညာထောက်ပံ့ပါဝင်ပြီး OnePlus ဖုန်းမှာပါတဲ့ Warp Charge နည်းပညာလိုမျိုး မြန်ဆန်သလို အားသွင်းချိန်မှာ adapter က ပူလာတာမျိုးလည်း မရှိပါဘူး။ ဘက်ထရီအား ၅၀ ဒါမှမဟုတ် ၆၀ ရာခိုင်နှုန်းလောက်ရှိရင်ကို တစ်ရက်ကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

Ultimate gaming ဖုန်းတစ်လုံး Asus ROG Phone 2 က အထင်ကြီးလောက်စရာ ချောမွေ့ကောင်းမွန်တဲ့ Screen ၊ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီသက်တမ်း၊ မြင့်မားတဲ့ ဖုန်းစွမ်းဆောင်ရည်နဲ့ ဖုန်းနဲ့ဂိမ်းကစားတဲ့ အတွေ့အကြုံသစ်တွေကို ရရှိနိုင်မယ့် ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ မိမိအနေနဲ့ ရေစိုခံနိုင်မှုမရှိလည်း အဆင်ပြေတယ်၊ ကြိုးမဲ့အားသွင်းစနစ် မပါလည်း အိုကေတယ်၊ နောက်ပြီး ကင်မရာပိုင်းက အရမ်းကြီးမကောင်းလည်း အဆင်ပြေပြီး ဖုန်းကို ဂိမ်းကစားဖို့အတွက် အဓိကအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ ဖုန်းနဲ့ ဂိမ်းကစားရတာနှစ်သက်သူတွေအတွက် ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဖုန်းက ထိပ်တန်းရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

GSM LTE
SIM Dual SIM (Nano-SIM, dual stand-by)
Display AMOLED capacitive touchscreen, 6.59 inches (19.5:9 ratio)
OS Android 9; ROG UI
CPU Octa-core (1×2.96 GHz Kryo 485 & 3×2.42 GHz Kryo 485 & 4×1.78 GHz Kryo 485)
GPU Adreno 640 (700 MHz)
Camera 48 MP (f/1.8) wide, 13 MP (f/2.4) ultrawide, PDAF, Laser AF, LED flash, HDR, panorama; Front : 24 MP (f/2.2)
Internal 128 GB; RAM 8 GB; no microSD slot
Battery Non-removable Li-Po 6000 mAh
Others Wi-Fi 802.11 a/b/g/n/ac/ad, Bluetooth 5.0, Fingerprint (under display), 30W Fast Battery Charging (QC 4.0), Power bank/Reverse charging (10W)
Display
Performance
Camera
Battery
Hand on
Overall

-ရဲထွဋ်ဝင်း