Asus ProArt StudioBook Pro W700G3T

ဈေးနှုန်း – ကန်ဒေါ်လာ ၂၉၉၉

အားသာချက်

ပေါ့ပါးပါးလွှာတဲ့ ပရီမီယံဒီဇိုင်း၊ ပြည့်ဝတဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်နဲ့ Laptop စွမ်းဆောင်ရည်၊ ကာလာရုပ်ထွက်ပိုင်း စိုပြည်ကောင်းမွန်တဲ့ 16:10 dislay နဲ့ အသုံးပြုရတာကောင်းမွန်တဲ့ ကီးဘုတ်စနစ်တွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

4K display အမျိုးအစားအနေနဲ့တော့ ဝယ်ယူအသုံးပြုနိုင်မှာ မဟုတ်သလို ဈေးအနည်းငယ်ကြီးတယ်လို့ မြင်ပါတယ်။

သုံးသပ်ချက်

Asus ProArt StudioBook Pro W700G3T က စွမ်းဆောင်ရည်မြင့်မားကောင်းမွန်လို ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပရီမီယံဒီဇိုင်း Laptop တစ်လုံးဖြစ်ပါတယ်။ စွမ်းဆောင်ရည် မြင့်မားကောင်းမွန်တဲ့ processor နဲ့ GPU စနစ်တွေပါဝင်တာက ပရော်ဖက်ရှင်နယ် လုပ်ငန်းဆောင်တာတွေကို အဆင်ပြေကောင်းမွန်စွာ လုပ်ဆောင်နိုင်စေမှာဖြစ်ပေမယ့် ပေးရတဲ့ ဈေးက အနည်းငယ်များတယ်လို့ ဆိုရမှာဖြစ်သလို 4K Display နဲ့ မဟုတ်တာက လွဲရင် မိမိအနေနဲ့ ထိပ်တန်းစွမ်းဆောင်ရည်ရှိပြီး ဒီဇိုင်းလှပတဲ့ high-end Ultrabook တစ်လုံးကို အသုံးပြုချင်တယ်ဆိုရင်တော့ Asus ProArt StudioBook Pro W700G3T က ကျေနပ်မှုအပြည့်ရှိစေမယ့် Laptop လို့သုံးသပ်ရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၇ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1200 အထိ ထောက်ပံ့နိုင်ပါတယ်။ ဒီ laptop မှာ အမြန်နှုန်း 2.8GHz ရှိတဲ့ 9th Gen Intel Xeon E-2276M processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia Quadro RTX 3000 (VRAM 6GB) ပါဝင်ပါတယ်။ RAM 32 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 2TB SSD (RAID 0) ကို အသုံးပြုထားပါတယ်။ HD Webcam အမျိုးအစားကို တပ်ဆင်ထားတာဖြစ်ပြီး ၄.၂x၂.၉ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်တဲ့အပြင် touchpad ကို numpad အနေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Dual-band 2×2 Wi-Fi 6 ၊ Bluetooth 5.0 ၊ လုံခြုံရေး slot ပေါက်၊ HDMI ပေါက်၊ USB 3.1 ပေါက်၊ Thunderbolt 3 (USB-C) ပေါက်၊ microSD ကတ်ပေါက်၊ လက်ဗွေလုံခြုံရေးစနစ်နဲ့ နားကြပ်ပေါက်တွေပါဝင်ပါတယ်။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၆ နာရီနဲ့ ၂၃ မိနစ်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၃၉ ကီလိုဂရမ် (၅.၂၇ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com