ASUS GA401IV-HA181T Gaming Laptop

စွမ်းဆောင်ရည်မြင့် ASUS GA401IV-HA181T Gaming Laptop ဖြစ်ပါတယ်။ Display အနေနဲ့ Pantone® Validated ဖြစ်တဲ့အတွက် အရောင်အသွေး တိကျမှုလည်း အပြည့်အဝ ရှိပါတယ်။ AMD Ryzen 9,3 GHz, Octa Core,12 MB Cache CPU နဲ့ Memory အတွက် 16GB DDR3 ထည့်သွင်း အသုံးပြုထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် Internal Storage အနေနဲ့ 1TB ထောက်ပံ့ပေးထားပါတယ်။ Graphic ပိုင်းအတွက် RTX 2060 6GB GPU ထည့်သွင်း အသုံးပြုထားပါတယ်။ Display ပိုင်းအတွက်ကိုတော့ ၁၄ လက်မ အရွယ်အစား WQHD 2k IPS level 72%NTSC(pantone) ထောက်ပံ့ပေးထားပါတယ်။ အခြားသော စနစ်တွေအနေနဲ့ Wi-Fi 6(Gig+)(802.11ax) 2×2, Bluetooth 5.0, 1 HDMI 2.0 out, USB 3.2 Gen 1 (3.1 Gen 1) Type-A ports x 2, USB 3.2 Gen 2 (3.1 Gen 2) Type-C ports x2, Combo headphone/mic port, Fingerprint Sensor, Backlit Keyboard, Built-in Dual Speakers, Inbuilt Microphone,4 Cell Battery စတာတွေ ထောက်ပံ့ပေးထားပါတယ်။ အရွယ်အစားက 220 x 324 x 19.9 mm ဖြစ်ပြီး အလေးချိန်က 1.7kg ပဲ ရှိပါတယ်။

တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၉၉၉ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Asus Myanmar ကနေ တရားဝင် တင်သွင်းတာဖြစ်ပြီး မြန်မာပြည်အရပ်ရပ်ရှိ IT အရောင်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««