Asus FX506LI-HN100T Gaming Laptop

Military-grade ရရှိထားတဲ့ ASUS Gaming Laptop ဖြစ်ပါတယ်။ အကြမ်းခံ စွမ်းရည်မြင့် Gaming Laptop ဖြစ်ပါတယ်။ ရုပ်/သံ တည်းဖြတ်နဲ့ နောက်ဆုံးထွက်ဗားရှင်း Engineering Software တွေ၊ Pro ကျကျ အလုပ်လုပ်သူတွေ အတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။ အအေးပေးစနစ် အနေနဲ့ 5V x 2(Dual fan) ပါဝင်တဲ့အပြင် ဒလက် ၅၃ ခု နဲ့ Anti-Dust နည်းပညာလည်း ပါဝင်ပါသေးတယ်။ Intel® Core™ i7 10870H Processor 2.2 GHz (16M Cache, up to 5.0 GHz, 8 cores) CPU နဲ့ RAM ပိုင်းအတွက် DDR4 memory စနစ်နဲ့ 8GB ထောက်ပံ့ပေးထားပါတယ်။ ရုပ်ထွက်နဲ့ ဂိမ်းတွေကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် GPU ကိုတော့ NVIDIA® GeForce® GTX 1660Ti,6GB GDDR6 နဲ့ရရှိနိင်မှာပါ။ အချက်အလက်တွေ သိမ်းဆည်းဖို့ အတွက် 512GB PCIe SSD ထောက်ပံ့ပေးထားပါတယ် ။ ၁၅.၆ လက်မ အရွယ်ရှိ FHD IPS level 144HZ Display ကို အသုံးပြုထားတဲ့အတွက် နေရာမရွေး အလင်းရောင်မရွေးမှာ ရုပ်ထွက် အရည်အသွေး ကောင်းမွန်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။ အခြားသော စနစ်တွေအဖြစ် Wi-Fi 6(Gig+)(802.11ax)+Bluetooth 5.1 (Dual band) 2*2, 3.5mm Combo Audio Jack, HDMI 2.0b, USB 2.0 Type-A, USB 3.2 Gen 1 Type-A, USB 3.2 Gen 2 Type-C support displayport / G-SYNC, Backlit Chiclet Keyboard RGB, Webcam စတာတွေလဲ ထောက်ပံ့ပေးထားပါတယ်။ Battery က 3Cell 48WH ဖြစ်လို့ ခဏခဏ အားမသွင်းချင်တဲ့သူတွေ အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၀၉၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Splendid Computer ဖုန်း – ၀၉ ၉၅၂၂၀၄၉၉၆ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««