Asus ၏ ROG Gaming Products များ မိတ်ဆက်

[ Zawgyi ]




-အောင်သက်ကို

[ Unicode ]

Asus ရဲ့ နှစ်စဉ် ဇွန်လအတွင်းပြုလုပ်တဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ROG Gaming Products တွေကို မိတ်ဆက်ခဲ့ပါတယ်။

အဲဒီမိတ်ဆက်ပွဲကို ဇွန် ၄ ရက်က ထိုင်ဝမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ထုတ်ကုန်သစ်တွေကတော့ ROG Strix Gaming Laptop နှစ်မျိုးဖြစ်တဲ့ Scar ll နဲ့ Hero ll တို့ဖြစ်ပါ တယ်။ Gaming Laptop နဲ့တွဲဖက်အသုံးပြုနိုင်မယ့် ROG Power Supply ဖြစ်တဲ့ ROG Thor 1200W Platinum, ROG Delta Gaming Headphone, Gaming Router ဖြစ်တဲ့ ROG Rapture GT-AX11000 စတဲ့ ထုတ်ကုန်တွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီပွဲမှာ Asus ရဲ့ နောက်ဆုံးပြသခဲ့တာကတော့ ROG Gaming Smartphone ဖြစ်ကာ စမတ်ဖုန်းနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ထုတ်ကုန်တွေကိုလည်းပြသခဲ့‌ပါတယ်။

Asus ရဲ့ထုတ်ကုန်သစ်မိတ်တဲ့ပွဲကို တစ်နှစ်တစ်ကြိမ်ပြုလုပ်ခြင်းဖြစ်ကာ နှစ်စဉ်ဇွန်လအတွင်း ကျင်းပပြုလုပ်ကြောင်းသိရပါတယ်။

-အောင်သက်ကို