Asus ရဲ့နောက်ဆုံးပေါ် ZenBook Duo

ကွန်ပျူတာထုတ်လုပ်သူ အများစုက CES ပွဲမှာ concept ထုတ်ကုန်တွေ ပြလေ့ရှိပါတယ်။ ဒါပေမဲ့ Asus ကတော့ တင်ပို့ရောင်းချဖို့ အဆင်သင့် ဖြစ်နေတဲ့ concept ထုတ်ကုန်ကို ပြသခဲ့ပါတယ်။

ZenBook Duo အမည်ရ ထုတ်ကုန်ကတော့ ဒုတိယမျိုးဆက် ဖြစ်ပြီး အရင်မျိုးဆက်ထက် သေးငယ်၊ ပေါ့ပါး၊ အအေးပေးစနစ် ပိုမိုကောင်းမွန်ပြီး Nvidia GPU နဲ့ ၁၁ ခုမြောက် မျိုးဆက် Intel ပရိုဆက်ဆာ ပါဝင်တဲ့အတွက် စွမ်းဆောင်ရည် မြန်ဆန်ပါတယ်။ ZenBook Duo ကတော့ Pro Duo 15 OLED နဲ့ Duo 14 ဗားရှင်း ၂ မျိုး ထုတ်လုပ်ပါမယ်။ Pro Duo 15 OLED မှာတော့ မျိုးဆက် ၁၀ ခုမြောက် Intel Core i9 ပရိုဆက်ဆာနဲ့ အတူ Nvidia GeForce RTX 2070 garphics နဲ့ memory 32GB အထိ ပါဝင်လာပါတယ်။ Duo 14 မှာတော့ မျိုးဆက် ၁၁ ခုမြောက် Core i5 ဒါမှမဟုတ် i7 ပရိုဆက်ဆာပါဝင်ပြီး Nvidia MX450 garphics နဲ့ 32GB memory ပါဝင်လာပါတယ်။

Pro Duo မှာတော့ မျက်နှာပြင် ၁၅.၆ လက်မ ရုပ်ထွက်အရည်အသွေး 3,840x 2160 pixel OLED touchscreen ပါဝင်ပါလာပါတယ်။ ဒါ့အပြင် အောက်ဘက်မှာ ၁၄ လက်မ UHD touchscreen ပါဝင်လာပါတယ်။ Duo 14 မှာတော့ မျက်နှာပြင် ၁၄ လက်မ ရုပ်ထွက်အရည်အသွေး 1,920x 1,080 pixel touchscreen နဲ့အတူ အလားတူ အရည်အသွေးနဲ့ ၁၂.၆ လက်မ touchscreen လည်းပါဝင်လာပါတယ်။Asus ဟာ ဒုတိယမြောက် display တွေကို လိုသလို အသုံးပြုဖို့ ပတ္တာသစ်ကို အသုံးပြုထားပါတယ်။ ScreenPad Plus အမည်ရ ဒုတိယမြောက် display တွေကိုတော့ Duo Pro 15 မှာ ၉.၅ ဒီဂရီအထိ လှည့်နိုင်ပြီး Duo 14 မော်ဒယ်မှာ ၇ ဒီဂရီအထိ လှည့်နိုင်ပါတယ်။

Windows ကလည်း ScreenPad Plus ကိုတော့ ဒုတိယမြောက် display အဖြစ် မှတ်သားပေးပါတယ်။ ဒါ့အပြင် မျက်နှာပြင် touch bar မှာရှိတဲ့ အရာတွေကိုလည်း အသုံးချနိုင်ပါတယ်။ ဥပမာအဖြစ် ဒုတိယမြောက် မျက်နှာပြင်ကို touchpad ဒါမှမဟုတ် number pad အဖြစ် အသုံးပြုနိုင်ပါတယ်။ မှတ်စုတွေကို ရေးမှတ်တာအပြင် စာရွက်စာတမ်းမှာ လက်မှတ်ထိုးတာလည်း လုပ်လို့ရပါတယ်။

Asus ZenBook Pro Duo 15 OLED ကတော့ ဧပြီမှာ စတင်ရောင်းချပါမယ်။ ဈေးနှုန်းကတော့ မသိသေးပါဘူး။ ဒါပေမဲ့ Asus ကတော့ ZenBook Pro Duo 14 ကို ဒေါ်လာ ၁,၀၀၀ ကနေ စတင်ရောင်းချသလို ကြိုတင်မှာယူခွင့်လည်း ပြုထားပါတယ်။

-စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««