Astrophotography ထောက်ပံ့မှုကို Pixel နဲ့ Pixel 4a မှာ Google ဖယ်ရှား

Google ဟာ Pixel 5 နဲ့ Pixel 4a 5G အတွက် ultra wide ကင်မရာ ထောက်ပံ့ခဲ့ပေမယ့် စတုတ္ထမျိုးဆက် tele ကင်မရာ ထောက်ပံ့မှုကို ဖယ်ရှားခဲ့ပါတယ်။ Pixel ဖုန်းသုံးစွဲသူ တချို့က Astrophotography လုပ်ဆောင်ချက်ကို အသုံးပြုဖို့ စိတ်အားထက်သန်ခဲ့ပြီး ကွင်းပြင်ထဲမှာ စမ်းသပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်တွေ့ စမ်းသပ်လိုက်တဲ့အခါမှာ ပုံတွေက noise ထပြီး အရောင်စွန်းနေပါတယ်။

အဓိက ကင်မရာကတော့ မစ်ကီဝေး ဓာတ်ပုံကောင်းတွေ ရိုက်ကူးပေးနိုင်ပေမယ့် လိုချင်တဲ့ ရလဒ်မရခဲ့ပါဘူး။ အဲဒီအတွက် Pixel ပိုင်ဆိုင်သူတွေက Google Support ဖိုရမ်မှာ မေးခွန်းတွေ မေးခဲ့ကြပါတယ်။ Google က Night Sight အကြောင်း မေးမြန်ကြတဲ့ စာမျက်နှာမှာ Pixel 4a (5G) နဲ့ Pixel 5 အတွက် Astrophotography ကို zoom settings နဲ့အညီအမျှ ဒါမှဟုတ် 1x ထက်ကျော်လွန်ပြီး ရိုက်ကူးမှပဲ အလုပ်ဖြစ်မယ်လို့ ပြောထားပါတယ်။

ဒါကြောင့် Pixel နှစ်မျိုးစလုံးက 16MP ကင်မရာတွေမှာ astrophotography ပုံရိုက်ကူးဖို့ long exposure ဖမ်းယူဖို့ မလိုပါဘူး။ Google က ပိုမိုကောင်းမွန်တဲ့ process လုပ်တာ ဒါမှမဟုတ် ultra wide ရိုက်ကူးဖို့ ထောက်ပံ့ဖို့ လိုလာပါမယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««