Astral Chain

Platform အစုံနဲ့ မကစား နိုင်ပေမယ့် ရုပ်ထွက်ရော ဇာတ်လမ်းသွားရော ဖန်တီးမှုပါ အားကောင်းလို့ သဘောကျမိတဲ့ ဂိမ်းသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Nintendo Switch အတွက် သီးသန့် ထွက်ရှိလာတဲ့ ဂိမ်းဖြစ်ပြီး သိပ္ပံခေတ်လွန်အနေအထားမှာ ဂြိုဟ်သားနဲ့ လူသားတွေအကြား အားပြိုင်မှုပုံစံ အသက်သွင်းထားတဲ့ဂိမ်းပါ။

တစ်ဖက်က ရန်သူဂြိုဟ်သား တွေမှာ လူသားအသွင် ဖန်တီးရ ယူနိုင်တဲ့ အားသာချက်ပါမယ်။ ဒီတော့ အရင်ဆုံး ရန်သူကို တိုက် ခိုက် သတ်ဖြတ်ဖို့ဆိုရင် ကစားသူ အနေနဲ့ လူတစ်ယောက်တွေ့တိုင်း လူသားလား၊ ဂြိုဟ်သားလား ခွဲခြားသိအောင် အရင်ကြိုးစားရပါ လိမ့်မယ်။ ဒါက ပထမပို်င်းမှာ တွေ့ရမယ့် ရန်သူရဲ့ အားသာ ချက်၊ နောက်ပိုင်းမှာ မိုးမျှော်တိုက် တွေလောက် ထိအောင် မြင့်မား ကြီးမားတဲ့ ဂြိုဟ်သားကြီးကိုပါ ရင်ဆိုင်ရမယ်၊ သူကအသွင်ယူ ပြောင်းလဲ နိုင်မှု မရှိပေမယ့် လျင်မြန်တယ်၊ ခွန်အားကြီးတယ်၊ အသက်လည်း ပြင်းတယ်၊ သတ်ဖြတ်နိုင််ဖို့ ခက်တယ်၊ သူ့ကိုရော ဘယ်လို အနိုင်ယူ မှာလဲ၊ အဆင့်တိုင်း အခန်းတိုင်း ကတော့ အန္တရာယ်တွေ အပြည့် ပါပဲ။

ကစားသူကတော့ Neuron အထူးရဲတပ်ဖွဲ့က ရဲသားအဖြစ်နဲ့ ၀င်ရောက်ကစားနိုင်မှာဖြစ်ပြီး Single အနေနဲ့ရော Multi အ နေနဲ့ပါ ကစားနိုင်ပါလိမ့်မယ်။ The Ark လို့ အမည်ပေးထားတဲ့ နည်းပညာ စမ်းသပ်နယ်မြေမှာ အခင်းဖြစ်ပွားခဲ့ပြီး စမ်းသပ်မှု လွဲချော်ခြင်းကနေ ဂြိုဟ်သားလို့ ဆိုနိုင်မယ့် သတ္တဝါတွေ ဖြစ်လာ မယ်၊ ရင်ဆိုင် ခြေမှုန်းရမယ်၊ ပြီးတော့ ပြဿနာရဲ့ ဇစ်မြစ်ကို ရှာပြီး ဖျက်ဆီးရမယ်၊ နောက်ဆုံး ဂိမ်းကို အနို်င်ရမယ်ပေါ့။ ရည် မှန်းချက် မရောက်ခင် သင့် အနေနဲ့ သေသွားမယ် ဆိုရင်တော့ အနီးဆုံး အဆင့်ကနေ ပြန်က စားနိုင်ပေမယ့် လိုတာထက် ပိုတဲ့ ကစားချိန် ပေးရတော့မှာပေါ့။
အခု ဂိမ်းမှာ ထူးခြားချက်က တိုက်ခိုက်ရေး သီးသန့်မဟုတ်ဘဲ သဲလွန်စ ရှာဖွေရမှုတွေ၊ ပဟေ ဠိ ဖြေရှင်းရမှုတွေပါပါလို့ စွန့်စား ခန်းဝင်ရင်း ဦးနှောက်စားရမယ့် အပိုင်းလေးတွေ ပါတာကြောင့် သဘောကျမိပါတယ်။ဂိမ်းတစ် ခုကလည်း တိုက်ခိုက်နေရရုံနဲ့ စိတ်ကျေနပ်မှု အပြည့် မရှိသေး ဘူးလေ၊ အပြောင်းအလဲလေး ရှိတော့ ပိုပြီး စျာန်ဝင်တာပေါ့။

ကစားသူ အနေနဲ့ Single ကစားရင် တခြား အဖွဲ့သား တွေက AI စနစ်ကနေ ၀င်ကစားပေးမယ်။ ဒါပေမဲ့ အဖွဲ့လိုက်ကစားရင်တော့ ပိုပြီး ကစားလို့ ကောင်းတာတွေ့ရပါ တယ်။ အချင်းအချင်းအကူအညီ တောင်းနိုင်တယ်၊အနိုင်ရဖို့လွယ် မယ်ပေါ့။ လက်နက်ဆန်းတွေ၊ သွားလာရေးမှာ ရဟတ်ယာဉ် အပါအဝင် ကားတွေ၊ဆိုင်ကယ် တွေပါ သုံးနို်င်မယ်၊ ခေတ်လွန် ဇာတ်ကားတွေထဲကစတန့်ကွက် တွေလို ဂိမ်းထဲမှာ သွားလာနိုင် အောင် ထည့်သွင်း ဖန်တီးထား တာလည်း တွေ့ရပါတယ်။ ကစား သူက အထူးရဲတပ်ဖွဲ့ထဲက မိမိ အားသန်ရာ ဇာတ်ကောင်နေရာ မှာ ကစားနိုင်တယ်၊နည်းပညာသ မားလား၊ တိုက်ခိုက်ရေးအားသန် သူလား၊ ထောက်ပံံ့ရေးသမား လား၊ လက်နက်တွေကလည်း စိတ်ကြိုက် ရွေးချယ်နို်င်မယ်၊မိမိ ရွေးချယ်တဲ့ ဇာတ်ကောင်အပေါ် မှာ မူတည်ပြီးတော့ အသုံးပြု ပစ္စည်းရွေးချယ်နိုင်မယ်၊ ရုပ် ထွက်က ကာတွန်းနည်းနည်းဆန် ချင်ပေမယ့် ကစားချိန် အာ ရုံပြည့်ရှိနေအောင် ဖန်တီး ထားနိုင်လို့ ရုပ်ထွက် အားနည်း တယ်လို့ မဆိုနိုင်တော့ပါဘူး။ သိပ္ပံခေတ်လွန် ဇာတ်ကားတွေ ကြည့်နေရတာ ရိုးနေပြီလား၊ ခေတ်လွန်ဂိမ်းလေး စမ်းကစား ကြည့်ပါ၊ Switch တစ်လုံး သင့် လက်ထဲမှာ ရှိနေရင် Astral Chainက ကစားဖို့ အဆင့်သင့်ပါပဲ။