[email protected] National Launch ကျင်းပပြုလုပ်

[email protected] National Launch ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

[email protected] သည် ၂၀၀၁ ခုနှစ်တွင် အာရှ-ဥရောပအစည်းအဝေး (ASEM)မှ စတင်ခဲ့သော ဉရောပ-အာရှ သတင်းအချက်အလက်ကွန်ရက် (Trans-Eurasia Information Network -TEIN) တည်ဆောက်ရေးအတွက် ဥရောပသမဂ္ဂ အထောက်အပံ့ပေးသော စီမံကိန်းအစီအစဉ်များမှ စတုတ္ထအဆင့် စီမံကိန်းဖြစ်ကြောင်း၊ [email protected] Project တွင် အာရှနိုင်ငံပေါင်း(၂၄) နိုင်ငံမှ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး ဥရောပမှ သုတေသနပညာရှင်ပေါင်း သန်း ၅၀ ကို GEANT ကွန်ရက်မှတစ်ဆင့် ဆက်သွယ်၍ သုတေသနလုပ်ငန်းပေါင်းများစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ [email protected] Project ၏အဓိကလုပ်ငန်း (၆) ခုအနက် တစ်ခုဖြစ်တဲ့ ဒေသတွင်း ဒီဂျစ်တယ်နည်းပညာကွာဟမှု လျှော့ချနိုင်ရေး အတွက် အကူအညီပေးခြင်း ဖြစ်သောကြောင့် [email protected] Project ၏ပံ့ပိုးမှုဖြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ အတွင်း TOT(Training of Trainers) သင်တန်း (၁၃) မျိုးကို မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နည်းပညာတက္ကသိုလ်များမှ ဆရာ၊ ဆရာမများအား သင်ကြားပို့ချလျက်ရှိကြောင်း၊ အကူအညီအထောက်အပံ့ပေးတဲ့ EU နဲ့တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားပါတယ်။

အခမ်းအနားသို့ European Union Head of Mission ဖြစ်သူ Mr. Johann Hesse၊ TEIN*CC မှ President ဖြစ်သူ Mr.Yong Hwan Chung နဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်တို့ တက်ရောက်ခဲ့ပါတယ်။

-သန္တာ