ASEAN ONLINE SALE DAY တွင် 7Day Zay မှ အထူးအစီအစဉ်များဖြင့် ရောင်းချမည်

အာဆီယံနိုင်ငံများ အချင်းချင်း e-Commerce ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်စေဖို့အတွက် ရည်ရွယ်ပြီး အာဆီယံအွန်လိုင်းစျေးရောင်းပွဲတော် ASEAN ONLINE SALE DAY ကို ဩဂုတ် ၈ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပြီး 7Day Zay အနေနဲ့ အထူးအစီအစဉ်တွေနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါစျေးရောင်းပွဲတော်တွင် 7Day Zay မှ မိတ်ဘက်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အတူပူးပေါင်းပြီး ကုန်ပစ္စည်းတွေကို ၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးများ၊ တစ်ခုဝယ် လက်ဆောင်ရယူ အစီအစဥ်များနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ASEAN ONLINE SALE DAY ပြုလုပ်မယ့် ဩဂုတ် ၈ ရက်နေ့မှာ 7Day Zay ဝက်ဘ်ဆိုက်တွင် sign up ပြုလုပ်မယ့် member အသစ်တွေအနေနဲ့လည်း နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်တွေရရှိမှာဖြစ်ပါတယ်။

7Day Zay ဝက်ဘ်ဆိုက်မှာ member အသစ်ဝင်လိုသူတွေ အနေနဲ့ https://7dayzay.com/entry ကနေတစ်ဆင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။7Day Zay ဝယ်ယူထားတဲ့ပစ္စည်းတွေကို ပို့ခအခမဲ့နဲ့ ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။