ASEAN-Korea Startup Week: Online Challenge တွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် ထွက်တိုးဖုန်းဆော့ဝ်ဝဲ မှ Diamond ဆု ဆွတ်ခူးခဲ့

ASEAN-Korea Center (AKC) မှ ကြီးမှူးကျင်းပတဲ့ ASEAN-Korea Startup Week: Online Challenge ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Village Link ကုမ္ပဏီရဲ့ Htwet Toe App မှ အမြင့်ဆုံးဆုဖြစ်တဲ့ Diamond ဆုကိုရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်က ကျင်းပခဲ့တာဖြစ်ပြီး ကိုရီးယားနဲ့ အာဆီယံ ဒေသတွင်းနိုင်ငံများမှ ယှဉ်ပြိုင်သူ အဖွဲ့အစည်း (၃၂) ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဖွဲ့အစည်း (၃၂) ခု အနက် မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Village Link ကုမ္ပဏီရဲ့ Htwet Toe App မှ ASEAN-Korea Startup Week: Online Challenge ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Diamond ဆုကို ရရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ASEAN-Korea Startup Week: Online Challenge ဟာ ဒေသတွင်းရှိ နိုင်ငံများအချင်းချင်း ရင်းနှီးချစ်ကြည်ရေး၊ လက်တွဲဆောင်ရွက်နိုင်ရေးနှင့် ထုတ်ကုန်သစ်များ ဖော်ဆောင်နိုင်ရေးတို့ကို အခြေခံ၍ ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Village Link ကုမ္ပဏီအနေနဲ့ ထွက်တိုးဖုန်းဆော့ဝ်ဝဲမှ တစ်ဆင့် မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများကို စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်း၊ တောင်သူများ ကြုံတွေ့နေရသော စိုက်ပျိုးရေးဆိုင်ရာပြဿနာများကို ကူညီဖြေရှင်းပေးခြင်း တို့ကို အခမဲ့ ကူညီပေးလျက်ရှိကြောင်း သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««