“ASEAN Business Awards 2020” သို့ လျှောက်ထားနိုင်

ASEAN Business Awards 2020″ သို့ လျှောက်ထားနိုင်တယ်လို့ UMFCCI မှသိရပါတယ်။

၂၀၂၀ ခုနှစ်တွင် အာဆီယံ စီးပွားရေးဖွံဖြိုးတိုးတက်မှု၊ ကမ္ဘာ့စီးပွားရေးအဆင့်အလားအလာ ရှိလာနိုင်သည့် အာဆီယံဒေသတွင်း SMEs လုပ်ငန်းများ မြှင့်တင်လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ ၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ကိုဗစ်-၁၉ ကာလအတွင်း အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြတဲ့ လုပ်ငန်းရှင်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းရှင်များ “ASEAN Business Awards 2020” သို့ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

အဆိုပါဆုကို အာဆီယံနိုင်ငံများမှ သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီတွေအနေနဲ့ မိမိ သက်ဆိုင်ရာ Award Categories အောက်မှာ လျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာမှာ ပြည့်စုံစွာ ဖြည့်စွက်ပြီး ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၅ ရက် မတိုင်မီ တိုက်ရိုက် လျှောက်ထားနိုင်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ အသေးစိတ် အချက်အလက်တွေကို https://aba2020.vn/en/registration မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««