ASEAN Business Awards 2018 လျှောက်ထားနိုင်

[ Zawgyi ]




-ထွန်းထွန်း

[ Unicode ]

ASEAN Business Awards 2018 ပါဝင်လိုသူတွေအတွက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

လာမယ့် နိုဝင်ဘာ ၁၂ ရက် စင်ကာပူနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံစီးပွားရေးလုပ် ငန်းရှင်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ASEAN-BAC Secretariat က ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို အာဆီယံနိုင်ငံတွေက သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီတွေ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း၊ Priority Integration Sectors, SME Excellence, Young Entrepreneur, Women Entrepreneur, Family Business စတဲ့ ကဏ္ဍအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။

၂၀၁၇ ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေရရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီအခမ်းအနားကို ပါဝင်လိုသူတွေအနေနဲ့ ၃၁.၇.၁၉ ရက်နောက်ဆုံးထားပြီး accessasean@sbf.org.sg ကိုလျှောက်ထားနိုင်ကြောင်း သိရပါတယ်။

-ထွန်းထွန်း