ARM အခြေခံချစ်ပ် သုံးထားတဲ့ Mac တွေကို Apple မိတ်ဆက်မယ်

Apple ဟာ ဒီလအတွင်း ပြုလုပ်မယ့် WWDC 2020 ပွဲမှာ ARM အခြေခံ ချစ်ပ်အသုံးပြုထားတဲ့ ထုတ်ကုန်တွေကို မိတ်ဆက်မယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ WWDC 2020 ကို ဇွန် ၂၂ ရက်မှာ အွန်လိုင်းပုံစံနဲ့ ပြုလုပ်ပါမယ်။

Apple ဟာ ဒီနှစ်တွေအတွင်း Mac အတွက် ARM အခြေခံ ပရိုဆက်ဆာကို ပြောင်းလဲအသုံးပြုဖို့ စီစဉ်နေပါတယ်။ Bloomberg ကဖော်ပြတဲ့သတင်းအရ အပြောင်းအလဲဖြစ်ဖို့ သေချာနေပြီး ARM အခြေခံ ပရိုဆက်ဆာ ထောက်ပံ့ထားတဲ့ ပထမဆုံး Mac က ၂၀၂၁ ခုနှစ်မှာ ထွက်လာနိုင်ပါတယ်။ ARM အခြေခံ Mac ပရိုဆက်ဆာ ၃ ခုကို မျိုးဆက်သစ် iPhone ရဲ့ A14 ချစ်ပ်အခြေခံထားပြီး တည်ဆောက်နေတယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge