Arduino for Beginners သင္တန္းဖြင့္လွစ္မည္

[ Zawgyi ]

မႏၲေလးတိုင္းေဒသႀကီး ကြန္ပ်ဴတာပညာရွင္ အသင္းမွႀကီးမွဴးၿပီး P-TIME DEV နဲ႔ပူးေပါင္းကာ Arduino for Beginner အမွတ္စဥ္ (၇) သင္တန္း ဖြင့္လွစ္မယ္လို႔ သိရပါတယ္။

Arduino for Beginners သင္တန္းမွာ Arduino ကို အသံုးျပဳၿပီး Project တည္ေဆာက္လိုသူေတြ အေျခခံသိသင့္တဲ့ Arduino + Electronics + Programming တို႔ကို သင္ၾကားသြားမွာျဖစ္ပါတယ္။ Arduino Uno , Mega , Nano,Yun ,HC-06, ESP8266 အပါအဝင္ Arduino Basic Kit ေတြ၊ Sensor Kit ေတြ၊ Arduino အသံုးျပဳတည္ေဆာက္ထားတဲ့ Robot ေတြအျပင္ သင္ေထာက္ကူပစၥည္း စံုလင္စြာနဲ႔ သင္ၾကားေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

Electronics အေျခခံအေနနဲ႔ Multimeter အသံုးျပဳနည္း အပါအဝင္ Electronics Components ေတြ အေၾကာင္းနဲ႔ Electronics Circuits တည္ေဆာက္ျခင္းေတြအတြက္ အေျခခံသိသင့္တာေတြကို လက္ေတြ႕ ျပသသင္ၾကားေပးမွာျဖစ္ပါတယ္။ ယခုသင္တန္းကို တက္ေရာက္ဖို႔ Programming အေျခခံရွိစရာမလိုအပ္ဘဲ သင္တန္းေၾကး ၁၅၀,၀၀၀ က်ပ္နဲ႔ MCPA Member ေတြအတြက္ ၁၀ ရာခိုင္ႏႈန္းေလွ်ာ့ခ်ေပးမွာ ျဖစ္ကာ သင္တန္းသားဦးေရ ၁၅ ဦး လက္ခံသင္ၾကားေပးမယ္လို႔ သိရပါတယ္။ ဇူလိုင္လ ၂၁ ရက္မွ စက္တင္ဘာလ ၉ ရက္အထိ ေန႔လယ္ ၁ နာရီ မွ ညေန ၄ နာရီအထိ (စေန၊ တနဂၤေႏြေန႔) ေတြမွာသင္ၾကားေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

အေသးစိတ္ အခ်က္အလက္ေတြကို မႏၲေလးတိုင္းေဒသႀကီး ကြန္ပ်ဴတာပညာရွင္အသင္း႐ံုး၊ ဖုန္း ၀၂ ၆၉၃၁၃ ၊ ၀၉ ၇၇၈၈၃၀၄၄၄ နဲ႔ ၀၉ ၉၅၀၁၅၀၀၁၅ ကို ဆက္သြယ္စံုစမ္းႏိုင္ပါတယ္။

-ေကာင္းျမတ္ထြန္း

[ Unicode ]

မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းမှကြီးမှူးပြီး P-TIME DEV နဲ့ပူးပေါင်းကာ Arduino for Beginner အမှတ်စဉ် (၇) သင်တန်း ဖွင့်လှစ်မယ်လို့ သိရပါတယ်။

Arduino for Beginners သင်တန်းမှာ Arduino ကို အသုံးပြုပြီး Project တည်ဆောက်လိုသူတွေ အခြေခံသိသင့်တဲ့ Arduino + Electronics + Programming တို့ကို သင်ကြားသွားမှာဖြစ်ပါတယ်။ Arduino Uno , Mega , Nano,Yun ,HC-06, ESP8266 အပါအဝင် Arduino Basic Kit တွေ၊ Sensor Kit တွေ၊ Arduino အသုံးပြုတည်ဆောက်ထားတဲ့ Robot တွေအပြင် သင်ထောက်ကူပစ္စည်း စုံလင်စွာနဲ့ သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Electronics အခြေခံအနေနဲ့ Multimeter အသုံးပြုနည်း အပါအဝင် Electronics Components တွေ အကြောင်းနဲ့ Electronics Circuits တည်ဆောက်ခြင်းတွေအတွက် အခြေခံသိသင့်တာတွေကို လက်တွေ့ ပြသသင်ကြားပေးမှာဖြစ်ပါတယ်။ ယခုသင်တန်းကို တက်ရောက်ဖို့ Programming အခြေခံရှိစရာမလိုအပ်ဘဲ သင်တန်းကြေး ၁၅၀,၀၀၀ ကျပ်နဲ့ MCPA Member တွေအတွက် ၁၀ ရာခိုင်နှုန်းလျှော့ချပေးမှာ ဖြစ်ကာ သင်တန်းသားဦးရေ ၁၅ ဦး လက်ခံသင်ကြားပေးမယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ နေ့လယ် ၁ နာရီ မှ ညနေ ၄ နာရီအထိ (စနေ၊ တနင်္ဂနွေနေ့) တွေမှာသင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ် အချက်အလက်တွေကို မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းရုံး၊ ဖုန်း ၀၂ ၆၉၃၁၃ ၊ ၀၉ ရ၇၈၈၃၀၄၄၄ နဲ့ ၀၉ ၉၅၀၁၅၀၀၁၅ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကောင်းမြတ်ထွန်း