Arctis 1 Wireless Gaming Headset

Nintendo Switch တွေနဲ့သာမက Mobile phone နဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်တဲ့ Arctis 1 Wireless Gaming Headset ဖြစ်ပါတယ်။ PS4, PS5, Xbox, Pc စတာတွေနဲ့ ကြိုးမဲ့ရော ကြိုးနဲ့ပါ ချိတ်ဆက် အသုံးပြုနိုင်မှာပါ။

အသံအရည်အသွေး မြင့်မားပြီး ရိုးရှင်းပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Driver က 40mm အရွယ်ရှိ neodymium Type အမျိုးအစား ဖြစ်ပြီး Impedance အနေနဲ့ 32 Ohms အထိ ရရှိစေမှာဖြစ်ပါတယ်။ Frequency Response အနေနဲ့ 20-20,000 Hz ရရှိမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင် ဆူညံသံတွေကို ပယ်ဖျောက်တဲ့စနစ် ပါဝင်ပါတယ်။ Wireless (USB Type-C dongle with USB Type-A adapter) နဲ့ ချိတ်ဆက်နိုင်သလို အားကုန်သွားပြီး ပြန်မသွင်းမိကလည်း 3.5mm cable နဲ့ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းက အားအပြည့်သွင်းထားရင် နာရီ ၂၀ အထိ ဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အပြန်အလှန် ပြောဆိုမှုအတွက် Mic ထောက်ပံ့ပါဝင်ပါတယ်။ Microphone Frequency Response အနေနဲ့က 100Hz – 10000Hz အထိ ရရှိမှာပါ။

ထိန်းချူပ်မှုအတွက်လည်း Headset ပေါ်မှာတင် ပြုလုပ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းအတွက် သီးသန့်လုပ်ထားတဲ့အတွက် အသံနောက်ကျခြင်း လုံးဝ မရှိသလို အသေးစိတ် အသံတွေကိုလည်း ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းစက် တော်တော်များများနဲ့ ဟန်းဆက်သာမက PC မှာပါ OS မရွေး ချိတ်ဆက်အသုံးပြုနိုင် ပါတယ်။ Shwe La Min Nagar ဖုန်း – ၀၁၂၅၅၆၅၅ ကနေ တရားဝင် တင်သွင်းဖြန့်ချိတာ ဖြစ်ပြီး ကန်ဒေါ်လာ 110$ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။