AR News Feed ေၾကာ္ျငာေတြကို Facebook စမ္းသပ္ေန

Facebook ဟာ သံုးစြဲသူေတြက ထုတ္ကုန္ေတြကို မဝယ္ယူခင္ စမ္းသပ္သံုးစြဲႏိုင္ေစဖို႔ ဆႏၵရိွေနပါတယ္။ လူမႈေရးမီဒီယာႀကီးဟာ သံုးစြဲသူေတြက ထုတ္ကုန္ေတြကို virtual အေနနဲ႔ စမ္းသပ္ဝတ္ဆင္သံုးစြဲႏိုင္ေစမယ့္ augmented reality (AR) ေၾကာ္ျငာသစ္ေတြကို News Feed မွာ ျဖန္႔ခ်ိလိုက္ပါတယ္။

လက္ရိွမွာ Facebook ဟာ brand အခ်ိဳ႕နဲ႔ စမ္းသပ္ေနသလို အဆိုပါ AR ေၾကာ္ျငာေတြကို အေမရိကန္က သံုးစြဲသူေတြကပဲ ေတြ႕ျမင္ရဦးမွာျဖစ္ပါတယ္။ အဲ့ဒီ ေၾကာ္ျငာေတြမွာ ‘Tap to try on’ ဆိုတဲ့ စာတန္းပါဝင္လာမွာ ျဖစ္ၿပီး အဲ့ဒီစာတန္းကို ႏွိပ္လိုက္တဲ့အခါမွာ Facebook ရဲ႕ကင္မရာ ပြင့္လာမွာျဖစ္ပါတယ္။

အဲ့ဒီအခါ သံုးစြဲသူေတြက ဘယ္/ညာ swipe လုပ္ၿပီး မတူညီတဲ့ အေရာင္ေတြကို ေရြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ AR lens ေတြလိုပဲ သံုးစြဲသူေတြက ေခါင္းကို ေရြ႕လ်ားၿပီး မ်က္မွန္နဲ႔ အံဝင္ခြင္က်ျဖစ္ေအာင္ ခ်ိန္ညိႇႏိုင္ပါတယ္။

Screen ရဲ႕ေအာက္ေျခဘက္မွာ toolbar တစ္ခုရိွၿပီး အဲ့ဒီမွာ ထုတ္ကုန္ရဲ႕က်သင့္ေငြနဲ႔ အျခားအခ်က္အလက္ေတြကို ျပသထားသလို ထုတ္ကုန္ကိုဝယ္ယူႏိုင္ဖို႔အတြက္ ‘Shop now’ ခလုတ္ကိုလည္း ျပသထားပါတယ္။ သံုးစြဲသူေတြက ထုတ္ကုန္ကို စမ္းသပ္ ဝတ္ဆင္ထားတဲ့ အေတြ႕အႀကံဳကို သူငယ္ခ်င္းေတြဆီ ေဝမွ်ႏိုင္သလို profile ဒါမွမဟုတ္ Facebook Stories ေပၚတင္ၿပီး သေဘာထားေတြ ေတာင္းခံႏိုင္ပါတယ္။

Facebook ဟာ Michael Kors အျပင္ Sephora, Nyx, Bobbi Brown, Pottery Barn, Wayfair, King တို႔နဲ႔လည္း မၾကာခင္စမ္းသပ္သြားဖို႔ စီစဥ္ထားပါတယ္။

ဒါဟာ Facebook က သူ႔ရဲ႕ပလက္ေဖာင္းမွာ augmented reality ေၾကာ္ျငာေတြကို ထည့္သြင္းတဲ့ ေနာက္ဆံုးေပၚ ေျခလွမ္းတစ္ရပ္ ျဖစ္ပါတယ္။ Facebook ဟာ Messenger app အတြင္း AR ေၾကာ္ျငာထည့္သြင္းမယ့္ အစီအစဥ္ကို ဒီႏွစ္အေစာပိုင္းက ျပဳလုပ္ခဲ့တဲ့ F8 developers conference မွာ ေၾကညာခဲ့ပါတယ္။

Ref: DailyMail

[ Unicode ]

Facebook ဟာ သုံးစွဲသူတွေက ထုတ်ကုန်တွေကို မဝယ်ယူခင် စမ်းသပ်သုံးစွဲနိုင်စေဖို့ ဆန္ဒရှိနေပါတယ်။ လူမှုရေးမီဒီယာကြီးဟာ သုံးစွဲသူတွေက ထုတ်ကုန်တွေကို virtual အနေနဲ့ စမ်းသပ်ဝတ်ဆင်သုံးစွဲနိုင်စေမယ့် augmented reality (AR) ကြော်ငြာသစ်တွေကို News Feed မှာ ဖြန့်ချိလိုက်ပါတယ်။

လက်ရှိမှာ Facebook ဟာ brand အချို့နဲ့ စမ်းသပ်နေသလို အဆိုပါ AR ကြော်ငြာတွေကို အမေရိကန်က သုံးစွဲသူတွေကပဲ တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ အဲ့ဒီ ကြော်ငြာတွေမှာ ‘Tap to try on’ ဆိုတဲ့ စာတန်းပါဝင်လာမှာ ဖြစ်ပြီး အဲ့ဒီစာတန်းကို နှိပ်လိုက်တဲ့အခါမှာ Facebook ရဲ့ကင်မရာ ပွင့်လာမှာဖြစ်ပါတယ်။

အဲ့ဒီအခါ သုံးစွဲသူတွေက ဘယ်/ညာ swipe လုပ်ပြီး မတူညီတဲ့ အရောင်တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ AR lens တွေလိုပဲ သုံးစွဲသူတွေက ခေါင်းကို ရွေ့လျားပြီး မျက်မှန်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ချိန်ညှိနိုင်ပါတယ်။

Screen ရဲ့အောက်ခြေဘက်မှာ toolbar တစ်ခုရှိပြီး အဲ့ဒီမှာ ထုတ်ကုန်ရဲ့ကျသင့်ငွေနဲ့ အခြားအချက်အလက်တွေကို ပြသထားသလို ထုတ်ကုန်ကိုဝယ်ယူနိုင်ဖို့အတွက် ‘Shop now’ ခလုတ်ကိုလည်း ပြသထားပါတယ်။ သုံးစွဲသူတွေက ထုတ်ကုန်ကို စမ်းသပ် ဝတ်ဆင်ထားတဲ့ အတွေ့အကြုံကို သူငယ်ချင်းတွေဆီ ဝေမျှနိုင်သလို profile ဒါမှမဟုတ် Facebook Stories ပေါ်တင်ပြီး သဘောထားတွေ တောင်းခံနိုင်ပါတယ်။

Facebook ဟာ Michael Kors အပြင် Sephora, Nyx, Bobbi Brown, Pottery Barn, Wayfair, King တို့နဲ့လည်း မကြာခင်စမ်းသပ်သွားဖို့ စီစဉ်ထားပါတယ်။

ဒါဟာ Facebook က သူ့ရဲ့ပလက်ဖောင်းမှာ augmented reality ကြော်ငြာတွေကို ထည့်သွင်းတဲ့ နောက်ဆုံးပေါ် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ Facebook ဟာ Messenger app အတွင်း AR ကြော်ငြာထည့်သွင်းမယ့် အစီအစဉ်ကို ဒီနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ F8 developers conference မှာ ကြေညာခဲ့ပါတယ်။

Ref: DailyMail