AR နဲ႔ VR ထုတ္ကုန္မ်ားအတြက္ ပထမဆံုးခ်စ္ပ္ျဖစ္တဲ့ Qualcomm XR1

[ Zawgyi ]

AR နဲ႔ VR ထုတ္ကုန္ေတြအတြက္ ရည္ရြယ္ဖန္တီးထားတဲ့ ကုမၸဏီရဲ႕ ပထမဆံုးခ်စ္ပ္ XR1 ကို Qualcomm က မိတ္ဆက္လိုက္ပါတယ္။

ဒီခ်စ္ပ္ဟာ augmented နဲ႔ virtual reality gadget ေတြရဲ႕ entry-level ဗားရွင္းေတြကို တည္ေဆာက္လိုတဲ့ ကုမၸဏီေတြအတြက္ ေစ်းသက္သာေစမယ့္ခ်စ္ပ္ျဖစ္ၿပီး ဒီႏွစ္ကုန္ပိုင္း ဒါမွမဟုတ္ ၂၀၁၉ အေစာပိုင္းမွာ စတင္ေတြ႕ျမင္ရဖြယ္ရိွတယ္လို႔ ဆိုပါတယ္။

AR နဲ႔ VR အတြက္ လက္ရိွ flagship ဖုန္း ပ႐ိုဆက္ဆာ Snapdragon 845 က အေကာင္းဆံုးေရြးခ်ယ္စရာတစ္ခု ျဖစ္တယ္လို႔ Qualcomm က ေျပာပါတယ္။ XR1 ကိုေတာ့ ဂိမ္းထက္ ဗီဒီယိုနဲ႔ passive အေတြ႕အႀကံဳေတြအတြက္ ရည္ရြယ္ၿပီး ႐ိုးရွင္းတဲ့ ထုတ္ကုန္ေတြအတြက္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

XR1 gadget ေတြဟာ ဗီဒီယိုေတြကို ၃၆၀ ျမင္ကြင္းနဲ႔ ၾကည့္႐ႈဖို႔အတြက္သာျဖစ္ၿပီး ႐ိုးရွင္းတဲ့ controller ေတြ တပ္ဆင္ထားတယ္လို႔ Qualcomm က ဆိုပါတယ္။ ဒါေပမဲ့ 4K display ေတြကို 60 fps နဲ႔ ေထာက္ပံ့ေပးႏိုင္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

==========

[ Unicode ]

AR နဲ့ VR ထုတ်ကုန်များအတွက် ပထမဆုံးချစ်ပ်ဖြစ်တဲ့ Qualcomm XR1

==========

AR နဲ့ VR ထုတ်ကုန်တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ ကုမ္ပဏီရဲ့ ပထမဆုံးချစ်ပ် XR1 ကို Qualcomm က မိတ်ဆက်လိုက်ပါတယ်။

ဒီချစ်ပ်ဟာ augmented နဲ့ virtual reality gadget တွေရဲ့ entry-level ဗားရှင်းတွေကို တည်ဆောက်လိုတဲ့ ကုမ္ပဏီတွေအတွက် စျေးသက်သာစေမယ့်ချစ်ပ်ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၁၉ အစောပိုင်းမှာ စတင်တွေ့မြင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

AR နဲ့ VR အတွက် လက်ရှိ flagship ဖုန်း ပရိုဆက်ဆာ Snapdragon 845 က အကောင်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်တယ်လို့ Qualcomm က ပြောပါတယ်။ XR1 ကိုတော့ ဂိမ်းထက် ဗီဒီယိုနဲ့ passive အတွေ့အကြုံတွေအတွက် ရည်ရွယ်ပြီး ရိုးရှင်းတဲ့ထုတ်ကုန်တွေအတွက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

XR1 gadget တွေဟာ ဗီဒီယိုတွေကို ၃၆၀ မြင်ကွင်းနဲ့ ကြည့်ရှုဖို့အတွက်သာဖြစ်ပြီး ရိုးရှင်းတဲ့ controller တွေ တပ်ဆင်ထားတယ်လို့ Qualcomm က ဆိုပါတယ်။ ဒါပေမဲ့ 4K display တွေကို 60 fps နဲ့ ထောက်ပံ့ပေးနိုင်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge