AR ဂိမ်းအဖြစ် ထွက်လာမယ့် Pac-Man Geo

Bandai Namco ဟာ AR နည်းပညာကို အသုံးချပြီး Pac-Man Geo ဂိမ်းကို ဖြန့်ချိသွားပါမယ်။

Pac-Man Geo ဂိမ်းဟာ Niantic ရဲ့ Pokemon Go ဂိမ်းပုံစံနဲ့ ဆင်ပြီး မြို့ထဲက လမ်းပေါ် သွားလာကာ ဝင်္ကပါသစ် ဖန်တီးရပါမယ်။ မူလလက်ဟောင်း Pac-Man gameplay ကိုပဲ အခြေတည်ထားပါတယ်။ Pac-Man Geo ဂိမ်းကို Play Store မှာစာရင်းသွင်းထားပြီး စာရင်းကြိုသွင်းနိုင်တဲ့ စနစ်နဲ့ စတင်ဖြန့်ချိထားပါတယ်။

Pac-Man Geo ဂိမ်းဟာ ၂၀၂၀ စက်တင်ဘာလမှာ နိုင်ငံပေါင်း ၁၇၀ အတွက် စတင် ထွက်ရှိမယ်လို့ သိရပါတယ်။ ဂိမ်းကို အခမဲ့ ဖြန့်ချိမှာ ဖြစ်ပြီး in-app purchase ပါဝင်မလားဆိုတာ မသိသေးပါဘူး။

-စိုးထက်

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««