APU တက္ကသိုလ်၏ ၂၀၂၁ ခုနှစ် ဧပြီလ ကျောင်းဖွင့်ချိန် အတွက် လျှောက်ထားနိုင်

Ritsumeikan Asia Pacific University (APU) တက္ကသိုလ်ရဲ့ Bachelor Degree Program တွေကို ၂၀၂၁ ခုနှစ် ဧပြီ ကျောင်းဖွင့်ချိန် အတွက် အချိန်မီ မလျှောက်ထားနိုင်ခဲ့တဲ့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထားပြီး Online Application Form နဲ့ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအစိုးရဆယ်တန်းပညာရေး(Grade 11) ပြီးထားသူတွေ အနေနဲ့ APU ရဲ့ first year ကို တိုက်ရိုက် တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပြီး GCE ‘O’ သို့ iGCSE ပြီးထားတဲ့သူတွေ ဆိုရင်တော့ Grade 12 နဲ့ ညီမျှတဲ့ Certification ရှိထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အချိန်ပိုင်း အလုပ်လုပ်ခွင့် အနေနဲ့ APUတက္ကသိုလ်မှာ ကျောင်းတက်ရင်း ၁ ပတ်ကို ၂၈ နာရီ On Campus (သို့) Off Campus လုပ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

APUရဲ့ Bachelor Programတွေကို လျှောက်ထားလိုသူတွေအနေနဲ့ – IELTS Overall Band Score (6.0) ရှိထားရမှာ ဖြစ်ပြီး မြန်မာဆယ်တန်းအောင်မြင်ထားဖို့ (သို့) Grade 12 ပညာရေးပြီးထားဖို့ လိုအပ်ပါတယ်။ ပညာအရည်အချင်း ထူးချွန်တဲ့ ကျောင်းသား/သူတွေအတွက် မြန်မာငွေကျပ် ၄၈ သိန်း (၃ဝ ရာခိုင်နှုန်းပညာသင်ဆု) ကနေ၊ အများဆုံး ကျပ်သိန်း ၁၆ဝ ကျော် (၁ဝဝ ရာခိုင်နှုန်းပညာသင်ဆု) ကို ကျောင်းပြီးတဲ့အထိ ရရှိနိုင်တဲ့ APU Tuition Reduction Scholarship တွေလည်းရှိတယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ CROWN Education ဖုန်း – ၀၉၄၄၃၂၇၃၂၇၇ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««