Application Log In မ်ားကို Standard Password Policy အသံုးျပဳသင့္

[ Zawgyi ]

Email, Application log In ေတြရဲ႕ Password ေတြကို Standard Password Policy အတိုင္းအသံုးျပဳသင့္ေၾကာင္း Information Security Serise 1 ပြဲျဖစ္ေျမာက္ေရးတြင္ပါဝင္သူျဖစ္တဲ့ Myanmar Payment Solution Service က General Manager ျဖစ္သူ ဦးရဲဝင့္သူကေျပာပါတယ္။

“အင္တာနက္သံုးတာဘဲျဖစ္ျဖစ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ ေဒတာေတြကိုေဝမွ်တာေတြလုပ္ တဲ့ အခါမွာ Security ပိုင္းဆိုင္ရာေတြက ပိုၿပီးအေရးႀကီးတယ္၊ ေနာက္တစ္ခုကက်ေတာ့ဒီ Email သံုးတဲ့အခါနဲ႔ Facebook သံုးတဲ့အခါေတြမွာဆိုရင္ ကိုယ့္ရဲ႕ User Name, Password ေတြကိုတတ္ ႏိုင္သေလာက္ လုပ္ထားသင့္တယ္၊ Authentication ေတြအဆင့္ဆင့္ခံထားသင့္တယ္၊ ကၽြန္ေတာ္ ေျပာတဲ့ Password Policy လို႔ေျပာတဲ့ေနရာမွာ Special Character ေတြပါရမယ္၊ နံပါတ္ေတြပါရမယ္၊ စာလံုး အႀကီးအေသးပါရမယ္ေပါ့၊ အဲ့လိုမ်ိဳး Password Policy ေတြ အကုန္လံုးပါၿပီးေတာ့အသံုးျပဳသင့္ တယ္လို႔ ကၽြန္ေတာ္အႀကံေပးခ်င္ပါတယ္” လို႔သူက ေျပာၾကားခဲ့ပါတယ္။

လက္ရွိ Internet Banking ေတြမွာ ေငြလႊဲၿပီး (Money Transfer ) Browser ေပၚမွာ Log Out လုပ္တဲ့အခါမွာ Log in Password ေတြကို Save မလုပ္ထားသင့္ေၾကာင္း၊ ဖုန္းနဲ႔ ကြန္ပ်ဳတာမွာ အသံုးျပဳေနတဲ့ Unknow Software ေတြကကိုယ့္ရဲ႕ Username နဲ႔ Password ေတြ သိႏိုင္ေၾကာင္းသူက ဆက္ေျပာပါတယ္။

-ေအာင္သက္ကို

[ Unicode ]

Email, Application log In တွေရဲ့ Password တွေကို Standard Password Policy အတိုင်းအသုံးပြုသင့်ကြောင်း Information Security Serise 1 ပွဲဖြစ်မြောက်ရေးတွင်ပါဝင်သူဖြစ်တဲ့ Myanmar Payment Solution Service က General Manager ဖြစ်သူ ဦးရဲဝင့်သူကပြောပါတယ်။

“အင်တာနက်သုံးတာဘဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့တစ်ယောက် ဒေတာတွေကိုဝေမျှတာတွေလုပ် တဲ့ အခါမှာ Security ပိုင်းဆိုင်ရာတွေက ပိုပြီးအရေးကြီးတယ်၊ နောက်တစ်ခုကကျတော့ဒီ Email သုံးတဲ့အခါနဲ့ Facebook သုံးတဲ့အခါတွေမှာဆိုရင် ကိုယ့်ရဲ့ User Name, Password တွေကိုတတ် နိုင်သလောက် လုပ်ထားသင့်တယ်၊ Authentication တွေအဆင့်ဆင့်ခံထားသင့်တယ်၊ ကျွန်တော် ပြောတဲ့ Password Policy လို့ပြောတဲ့နေရာမှာ Special Character တွေပါရမယ်၊ နံပါတ်တွေပါရမယ်၊ စာလုံး အကြီးအသေးပါရမယ်ပေါ့၊ အဲ့လိုမျိုး Password Policy တွေ အကုန်လုံးပါပြီးတော့အသုံးပြုသင့် တယ်လို့ ကျွန်တော်အကြံပေးချင်ပါတယ်” လို့သူက ပြောကြားခဲ့ပါတယ်။

လက်ရှိ Internet Banking တွေမှာ ငွေလွှဲပြီး (Money Transfer ) Browser ပေါ်မှာ Log Out လုပ်တဲ့အခါမှာ Log in Password တွေကို Save မလုပ်ထားသင့်ကြောင်း၊ ဖုန်းနဲ့ ကွန်ပျုတာမှာ အသုံးပြုနေတဲ့ Unknow Software တွေကကိုယ့်ရဲ့ Username နဲ့ Password တွေ သိနိုင်ကြောင်းသူက ဆက်ပြောပါတယ်။

-အောင်သက်ကို