
ကိုရီးယားက ထွက်လာတဲ့ သတင်းအရ ဒီနှစ်နှောင်းပိုင်း ထွက်ရှိမယ့် Apple Watch Series 7 မှာ သွေးတွင်းသကြားဓာတ် တိုင်းတာပေးမယ့် sensor ပါဝင်လာနိုင်ပါတယ်။
Apple Watch ရဲ့ ရောင်းအားအကောင်းဆုံး အချက်ကတော့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ application တွေပါဝင်တာ ဖြစ်ပါတယ်။ Apple အနေနဲ့ Watch တွေမှာ ဆေးဘက်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို တိုးချဲ့လိုပါတယ်။
Apple ဟာ Apple Watch ကို စတင် မိတ်ဆက်စဉ်က သတိပေးချက်တွေ ကြည့်တာနဲ့ တုံ့ပြန်ဖို့ လုပ်ဆောင်ချက်နဲ့ ဈေးကွက်ထဲ ဝင်လာပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ သတိပေးချက်ကြည့်နိုင်တဲ့ စမတ်နာရီတွေ ပေါ်လာတာနဲ့ ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေး လုပ်ဆောင်ချက်တွေက အဓိက ထုတ်ကုန်ရောင်းအားကောင်းစေတဲ့ အချက်တွေ ဖြစ်လာပါတယ်။
-စိုးထက်
Ref: 9to5Mac
»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««