Apple Watch Series နှစ်မျိုးကို မိတ်ဆက်

Apple Watch Series နှစ်မျိုးဖြစ်တဲ့ Series 3 နဲ့ Series 5 မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်က Wai Yan Electronic မှာပြုလုပ်ခဲ့ပါတယ်။

Apple Watch တွေရဲ့ တန်ဖိုးက Apple Watch Series 3 (38mm) ၄၂၀,၀၀၀ ကျပ်၊ Apple Watch Series 3 (42mm) ၄၉၀,၀၀၀ ကျပ် ၊ Series 5 (40mm) ၇၃၀,၀၀၀ ကျပ်၊ Series 5 (44mm) ၇၈၀,၀၀၀ ကျပ်ဖြစ်ပါတယ်။

Apple Watch တွေကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ဝယ်ယူသူတွေကို အထူးပရိုမိုးရှင်းတွေ ပေးအပ်သွားမယ်လို့ သိရပါတယ်။

-ဝေဝေ