Apple Watch 5 ကို ဗားရွင္းႏွစ္မ်ိဳးျဖင့္ မိတ္ဆက္ဖြယ္ရွိ

[ Zawgyi ]

Apple အေနနဲ႔ Watch Series 5 ကုိ စက္တင္ဘာလအတြင္း မိတ္ဆက္ဖြယ္ရွိပါတယ္။ အခုအခါမွာ Apple Watch 5 နဲ႔ပတ္သက္တဲ့ ေကာလာဟလေတြ ထြက္ေပၚေနၿပီး Watch 5 ဗားရွင္း ၂ မ်ိဳးကို မိတ္ဆက္ႏိုင္ပါတယ္။

ဘရာဇီးသတင္းဝက္ဘ္ဆိုက္ iHelp BR က watchOS 6 ရဲ႕ beta code မွာ ceramic နဲ႔ တိုက္ေတနီယမ္ နာရီအုံ ႏွစ္ခု ပါဝင္ေၾကာင္း ေဖာ္ျပထားတာကုိ ေတြ႕ရွိခဲ့ပါတယ္။ ဒါ့အျပင္ Apple Watch 4 စတီးဗားရွင္းကုိ ထုတ္ေဖာ္မိတ္ဆက္ႏိုင္ပါတယ္။

Apple က အရင္တုန္းက ceramic စမတ္နာရီေတြထုတ္လုပ္ခဲ့ေပမယ့္ Series 4 မွာေတာ့ အဲဒီေမာ္ဒယ္ေတြ မထုတ္လုပ္ေတာ့ပါဘူး။ တိုက္ေတနီယမ္ Apple Watch ကုိလည္း မထုတ္လုပ္ခဲ့ဖူးပါဘူး။

Apple ဟာ Series 5 အတြက္ ceramic ေမာ္ဒယ္နဲ႔ပတ္သက္တဲ့ ေကာလာဟလေတြကုိ ေဖေဖာ္ဝါရီလက စတင္ၾကားရပါတယ္။ အဲဒီသတင္းေတြကုိ Apple ေလ့လာဆန္းစစ္သူ မင္ခ်ီကူက ခန္႔မွန္းေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ Series 5 နဲ႔ Series 4 တို႔မွာ edition အသစ္ေတြ ပါဝင္လာဖို႔မ်ားပါတယ္။

စိုးထက္
Ref: TechRada

[ Unicode ]

Apple အနေနဲ့ Watch Series 5 ကို စက်တင်ဘာလအတွင်း မိတ်ဆက်ဖွယ်ရှိပါတယ်။ အခုအခါမှာ Apple Watch 5 နဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထွက်ပေါ်နေပြီး Watch 5 ဗားရှင်း ၂ မျိုးကို မိတ်ဆက်နိုင်ပါတယ်။

ဘရာဇီးသတင်းဝက်ဘ်ဆိုက် iHelp BR က watchOS 6 ရဲ့ beta code မှာ ceramic နဲ့ တိုက်တေနီယမ် နာရီအုံ နှစ်ခု ပါဝင်ကြောင်း ဖော်ပြထားတာကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် Apple Watch 4 စတီးဗားရှင်းကို ထုတ်ဖော်မိတ်ဆက်နိုင်ပါတယ်။

Apple က အရင်တုန်းက ceramic စမတ်နာရီတွေထုတ်လုပ်ခဲ့ပေမယ့် Series 4 မှာတော့ အဲဒီမော်ဒယ်တွေ မထုတ်လုပ်တော့ပါဘူး။ တိုက်တေနီယမ် Apple Watch ကိုလည်း မထုတ်လုပ်ခဲ့ဖူးပါဘူး။

Apple ဟာ Series 5 အတွက် ceramic မော်ဒယ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေကို ဖေဖော်ဝါရီလက စတင်ကြားရပါတယ်။ အဲဒီသတင်းတွေကို Apple လေ့လာဆန်းစစ်သူ မင်ချီကူက ခန့်မှန်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Series 5 နဲ့ Series 4 တို့မှာ edition အသစ်တွေ ပါဝင်လာဖို့များပါတယ်။

Ref: TechRada