Apple Watch အတွက် Wristcam ကင်မရာသစ်

Apple Watch ရဲ့ ရှေ့နဲ့နောက်မှာပါ ကင်မရာ ထည့်သွင်း တပ်ဆင်နိုင်တဲ့ ထုတ်ကုန် လေးနှစ်အကြာ ဖန်တီးအပြီးမှာ ထွက်လာပါတယ်။

Wristcam လို့အမည်ရတဲ့ ထုတ်ကုန်မှာ 8-megapixel ပါဝင်ပြီး 1080p ဗီဒီယို ရိုက်နိုင်ပါတယ်။ ရုပ်သေဓာတ်ပုံကို 4K ရုပ်ထွက်အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပြီး selfie အတွက် 2-megapixel ကင်မရာ ပါဝင်လာပါတယ်။ ဒါ့အပြင် live လွှင့်ပြီး ဗီဒီယိုနဲ့ ဝေါ်ကီတော်ကီ ပြောနိုင်ပါတယ်။ အဲဒီ ကင်မရာတွေက အပိုထပ်ဆောင်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Wristcam နဲ့ရိုက်ကူးထားတဲ့ ပုံတွေကိုတော့ အောက်မှာ ဖော်ပြထားပေးလိုက်ပါတယ်။

Wristcam ကိုတော့ မူလက CMRA လို့ခေါ်ပါတယ်။ သီးခြားဘက်ထရီလည်း ပါဝင်လာပါတယ်။ လက်ပတ်ပေါ်က ခလုတ်ကိုနှိပ်ပြီး ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ အားသွင်းကြိုးနဲ့ ချိတ်ဆက်လိုက်ရင် iPhone နဲ့ အလိုအလျောက် sync လုပ်ပေးနိုင်ပါတယ်။

အခု ထုတ်ကုန်မှာ ဓာတ်ပုံနဲ့ ဗီဒီယိုအတွက် 8GB memory ပါဝင်လာပါတယ်။ Bluetooth 4.2, 5.0 နဲ့ Wi-Fi ကတစ်ဆင့် iPhone နဲ့ ချိတ်ဆက်တာအပြင် Bluetooth Low Energy (BLE) ကနေလည်း Apple Watch နဲ့ကင်မရာ ချိတ်ဆက်နိုင်ပါတယ်။ Wristcam ကို ၂၉၉ ဒေါ်လာနဲ့ ဝက်ဘ်ဆိုက်မှာ ရောင်းချနေပါတယ်။

စိုးထက်

Ref: TheVerge