Apple Watch နဲ့ယှဉ်ပြိုင်မယ့် Halo စမတ်လက်ပတ်ကို Amazon မိတ်ဆက်

Amazon ဟာ ကျန်းမာရေးနဲ့ ကြံ့ခိုင်ရေး ခြေရာခံစမတ်လက်ပတ်အသစ် Halo ကို မိတ်ဆက်လိုက်ပါတယ်။

Amazon Halo စမတ်လက်ပတ်မှာ sensor အစိတ်အပိုင်းတစ်ခုနဲ့ လက်ပတ်တွေပါဝင်လာပါတယ်။ အဲဒီ sensor အစိတ်အပိုင်းမှာ accelerometer နဲ့ အပူချိန်တိုင်း sensor အပြင် နှလုံးခုန်နှုန်းတိုင်းတာ စောင့်ကြည့်ပေးပါတယ်။ ဒါ့အပြင် မိုက်ကရိုဖုန်း ၂ ခုနဲ့ LED မီးနဲ့ မိုက်ကရိုဖုန်းကို အဖွင့်၊ အပိတ် လုပ်နိုင်တဲ့ ခလုတ်တစ်ခုတို့ ပါဝင်လာပါတယ်။ Halo ဘက်ထရီ ကတော့ တစ်ပတ်နီးပါး အသုံးပြုနိုင်ပြီး ရေအောက် မီတာ ၅၀ အထိ ရေစိမ်ခံပါတယ်။ Halo ကို iOS နဲ့ Android ထုတ်ကုန်တွေနဲ့ အသုံးပြုနိုင်ပါတယ်။

Amazon Halo မှာမျက်နှာပြင် မပါဝင်ပါဘူး။ ဒါပေမဲ့ app နဲ့ တွဲဖက်အသုံးပြုပြီး ခြေလှမ်းနဲ့ အခြားအချက်အလက်တွေကို ကြည့်နိုင်ပါတယ်။ Halo မှာ GPS, Wi-Fi နဲ့ ဆယ်လူလာချိတ်ဆက်မှု ဒါမှမဟုတ် Amazon Alexa အသံထိန်းချုပ်မှုတော့ မပါဝင်ပါဘူး။

Halo ရဲ့အဆင့်မြင့် feature တွေကတော့ လစဉ်ကြေးပေးသွင်းရတဲ့ labs ဆိုတာဖြစ်ပါတယ်။ အဲဒီ labs က ကျန်းမာရေး တိုးတက်အောင်နဲ့ နေ့စဉ်လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်းပြုလုပ်ဖို့ အားပေးပါတယ်။

Halo ရဲ့အထူးခြားဆုံး feature နှစ်ခု ရှိပါသေးတယ်။ Halo app ကတစ်ဆင့် သုံးစွဲသူရဲ့ ဖုန်းကတစ်ဆင့် ကိုယ်ထည်ပြည့် 3D scan ပြုလုပ်ပြီး ခန္ဓာကိုယ် အဆီပမာဏကို တိုင်းတာပေးပါတယ်။ နောက်လုပ်ဆောင်တစ်ခုကတော့ စမတ်လက်ပတ်ဝတ်ဆင်သူရဲ့ အသံနဲ့ စိတ်အခြေအနေကို သိရှိနိုင်ပါတယ်။

Halo ဟာ အိပ်စက်တာ၊ ခြေလှမ်း၊ နှလုံးခုန်နှုန်းတို့ကို တိုင်းတာပေးပါတယ်။ နှလုံးခုန်နှုန်းတိုင်းတာမှုကို အပတ်စဉ်ပုံစံနဲ့ ဖော်ပြပေးပါတယ်။

-စိုးထက်
Ref: MacRumors

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««