Apple watch စမတ်နာရီက နေ ကိုယ့်ရဲ့တည်နေရာ Location ကို ဘယ်လိုမျှဝေမလဲ

Apple watch စမတ်နာ ရီရဲ့ Find People app ကလက် ရှိ သင်ရှိနေတဲ့တည်နေရာ Location ကို မျှဝေပေးနိုင်ပါတယ်။ သင့်ရဲ့ တည်နေရာကို အလွယ်တကူ မိ သားစုဝင်နဲ့ သူငယ်ချင်းတွေကို သိရှိနိုင်အောင် ဒီ app ကိုသုံးပြီး တည်နေရာကို မျှဝေနိုင်ပါတယ်။ Apple watch မှာ ပါ၀င်တဲ့ GPS စနစ်ကသင်ရဲ့ လက်ရှိတည်နေ ရာကို အလွယ်တကူထောက် လှမ်းသိရှိနိုင်ပြီး သင့်အနေနဲ့လည်း မျှဝေနိုင်အောင် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

Apple watch ကနေ သင့်ရဲ့တည်နေရာကို မျှဝေပေးဖို့အတွက် အရင်ဆုံး watch ထဲက Find People app ကို ဖွင့်လိုက်ပါ။

Find People app ပွင့်လာရင်တော့ Share My Location ဆိုတဲ့ စာသားနဲ့ တွဲလျက်ရှိတဲ့ အပေါင်းသင်္ကေတလေးကို နှိပ်လိုက်ပါ။

အောက်ကပုံမှာ ပြထားတဲ့အတိုင်း icon သုံးခုထဲက သင့်အနေနဲ့ နှစ်သက်ရာတစ်ခုကို အသုံးပြုပြီး သင့်တည်နေရာမျှဝေနိုင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အသံစနစ်နဲ့ သင့်ဖုန်းရဲ့ contacts ထဲက သင့်ရဲ့တည်နေရာကို ပို့ချင်သူကို ရှာချင်ရင် မိုက်ပုံစံလေးကိုနှိပ်ကာ ရှာနိုင်ပါတယ်။ ဒါမှမဟုတ် contacts ထဲက ဒီအတိုင်းနာမည်ကို ကြည့်ရှာမယ်ဆိုရင်တော့ အလယ်က icon ကို ရွေးပါ။ဒါမှမဟုတ် ဖုန်းနံပါတ်နဲ့ ရိုက်ရှာချင်တယ်ဆိုရင်တော့ ညာဘက်အစွန်ဆုံးက keypad icon ကို နှိပ်ရမှာဖြစ်ပါတယ်။

သင့်အနေနဲ့ တည်နေရာကို ပို့ချင်တဲ့သူကို တွေ့ရင်တော့ တစ်ချက်နှိပ်ပြီး ရွေးလိုက်ပါ။

ပြီးရင်တော့ သင်တည်နေရာမျှဝေကို အချိန်အားဖြင့် ဘယ်လောက်အကြာထိသာ မျှဝေမှုပြုမယ်ဆိုတာကို သတ်မှတ်ထားနိုင်ပါတယ်။ သင့်အနေနဲ့ လက်ရှိ တည်နေရာမှာ တစ်နာရီခန့်ရှိမယ် ဆိုရင်တော့ Share for One Hour ကို ရွေးနိုင်ပြီး တစ်နေကုန်ရှိမယ်ဆိုရင်တော့ Until End of Day ဆိုတာကို ရွေးနိုင်ပါတယ်။

သင်ပို့လိုက်တဲ့သူက သင့်ရဲ့တည်နေရာ အချက်မျှဝေမှုကို ရရှိတာနဲ့ အောက်ကပုံအတိုင်း Find People home screen မှာ အချိန်ကို စတင်မှတ်သားထား တယ်ဆိုတာကို ပြနေမှာပဲ ဖြစ် ပါတယ်။

ဒါဆိုရင်တော့ သင့်အနေနဲ့ Apple watch စမတ်နာရီကနေ သင့်ရဲ့တည်နေရာကို မျှဝေမှု အဆင်ပြေစွာ မျှဝေနိုင်ပြီပဲ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««