Apple Watch ကို ဘယ္လို Update လုပ္မလဲ

[ Zawgyi ]

Apple ကေန OS update ေတြကို Apple Watch အတြက္ ထုတ္ေပးလ်က္ရွိပါတယ္။ အဲဒီ update မွာ အီမိုဂ်ီအသစ္ေတြ ေထာက္ပံ့ေပးထားတဲ့အျပင္ ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ အသုံးျပဳႏုိင္ဖို႔လည္း ျပဳလုပ္ေပးထားပါတယ္။ ကိုယ့္အေနနဲ႔ Apple
Watch ကို update လုပ္ခ်င္တယ္။ ကိုယ္တုိင္ manual အေနနဲ႔ လုပ္ဖို႔လည္း ခ်ီတုံခ်တုံျဖစ္ေနတယ္ဆိုရင္ေတာ့ ခုေဖာ္ျပေပးမယ့္ နည္းလမ္းအတုိင္း ျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။

Apple Watch ေတြကိုလည္း iPhone ေတြလိုပဲအလြယ္တကူ update ကို download လုပ္ၿပီး install လုပ္ႏုိင္ပါတယ္။ iPhone နဲ႔ မတူတဲ့အခ်က္က Apple Watch က iPhone မွာပါ၀င္တဲ့ Watch app ကေနတစ္ဆင့္ update ကို ၿပီးဆုံးေအာင္ျပဳလုပ္ရတာျဖစ္ပါ တယ္။ အရင္ဆုံး iPhone မွာပါတဲ့ Watch app ကိုဖြင့္လိုက္ပါ။

ၿပီးရင္ေတာ့ My Watch ဆိုတဲ့စာသားကိုႏွိပ္ပါ။

My Watch စနစ္ထဲကိုေရာက္ သြားပါမယ္။ အဲဒီထဲကိုေရာက္ရင္ေတာ့ General ဆိုတဲ့စာသားကို ထပ္ႏွိပ္ေပးပါ။

အဲလိုႏွိပ္လုိက္ရင္ေတာ့ Watch ရဲ႕ General စနစ္ထဲကို ေရာက္သြားပါတယ္။ အဲဒီထဲကမွ Software Update ဆိုတဲ့စာသား ကိုႏွိပ္ေပးပါ။

ဒါဆိုရင္ေတာ့ Software Update စနစ္ထဲကိုေရာက္သြားမွာ ျဖစ္ပါတယ္။ အဲဒီထဲကိုေရာက္သြားရင္ေတာ့ Download and Install ဆိုတဲ့စာသားကိုႏွိပ္ပါ။

Download and Install ဆိုတဲ့စာသားကိုႏွိပ္လိုက္ရင္ေတာ့ ဖုန္းရဲ႕ passcode ေတာင္းပါမယ္။ ထည့္ေပးလိုက္ပါ။

Passcode ထည့္ၿပီးရင္ေတာ့ update လုပ္ဖို႔ သေဘာတူပါလားဆိုၿပီး စာသားတစ္ခုေပၚလာမွာပါ။ မိမိအေနနဲ႔ update ဆက္
လုပ္မယ္ဆိုရင္ေတာ့ Agree ဆိုတဲ့စာသားကိုႏွိပ္ေပးလိုက္ပါ။ ဒါမွ မဟုတ္ အေၾကာင္းေၾကာင္းေၾကာင့္ ဆက္မလုပ္ခ်င္ေတာ့ဘူးဆိုရင္
ေတာ့ Disagree ကိုႏွိပ္လုိက္႐ုံပါပဲ။

ၿပီးရင္ေတာ့ Apple Watch ကို၀ယ္တုန္းကပါတဲ့ Charger နဲ႔ခ်ိတ္ၿပီးအားသြင္းထားလိုက္ပါ။ ဘာလို႔လဲဆိုေတာ့ Apple Watch ရဲ႕ ဘက္ထရီ ၅ဝ ရာခုိင္ႏႈန္းခန္႔ အနည္းဆုံးမရွိဘူးဆိုရင္ေတာ့ update ကို လုပ္ေဆာင္ႏုိင္မွာမဟုတ္လို႔ျဖစ္ပါတယ္။

တကယ္လို႔ေအာက္ကပုံလိုမ်ဳိး Apple Watch မွာ pin code ေတာင္းလာရင္ေတာ့ မိမိထည့္ထားတဲ့ pin code ကို ထည့္ေပးရ မွာျဖစ္ပါတယ္။

pin code ထည့္ေပးၿပီးရင္ေတာ့ Watch က restart က်သြား မွာျဖစ္ၿပီး update ကို flash (install) လုပ္ေပးသြားမွာျဖစ္ပါတယ္။

Flash လုပ္လို႔ၿပီးသြားရင္ေတာ့ Watch က အလိုအေလ်ာက္ restart ျဖစ္သြားမွာျဖစ္ပါတယ္။ ဒါဆိုရင္ေတာ့ Apple Watch ကို update လုပ္တဲ့လုပ္ငန္းစဥ္ၿပီးဆုံးၿပီပဲျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

=============

[ Unicode ]

Apple Watch ကို ဘယ်လို Update လုပ်မလဲ

=============

Apple ကနေ OS update တွေကို Apple Watch အတွက် ထုတ်ပေးလျက်ရှိပါတယ်။ အဲဒီ update မှာ အီမိုဂျီအသစ်တွေ ထောက်ပံ့ပေးထားတဲ့အပြင် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ အသုံးပြုနိုင်ဖို့လည်း ပြုလုပ်ပေးထားပါတယ်။ ကိုယ့်အနေနဲ့ Apple
Watch ကို update လုပ်ချင်တယ်။ ကိုယ်တိုင် manual အနေနဲ့ လုပ်ဖို့လည်း ချီတုံချတုံဖြစ်နေတယ်ဆိုရင်တော့ ခုဖော်ပြပေးမယ့် နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Apple Watch တွေကိုလည်း iPhone တွေလိုပဲအလွယ်တကူ update ကို download လုပ်ပြီး install လုပ်နိုင်ပါတယ်။ iPhone နဲ့ မတူတဲ့အချက်က Apple Watch က iPhone မှာပါ၀င်တဲ့ Watch app ကနေတစ်ဆင့် update ကို ပြီးဆုံးအောင်ပြုလုပ်ရတာဖြစ်ပါ တယ်။ အရင်ဆုံး iPhone မှာပါတဲ့ Watch app ကိုဖွင့်လိုက်ပါ။

ပြီးရင်တော့ My Watch ဆိုတဲ့စာသားကိုနှိပ်ပါ။

My Watch စနစ်ထဲကိုရောက် သွားပါမယ်။ အဲဒီထဲကိုရောက်ရင်တော့ General ဆိုတဲ့စာသားကို ထပ်နှိပ်ပေးပါ။

အဲလိုနှိပ်လိုက်ရင်တော့ Watch ရဲ့ General စနစ်ထဲကို ရောက်သွားပါတယ်။ အဲဒီထဲကမှ Software Update ဆိုတဲ့စာသား ကိုနှိပ်ပေးပါ။

ဒါဆိုရင်တော့ Software Update စနစ်ထဲကိုရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီထဲကိုရောက်သွားရင်တော့ Download and Install ဆိုတဲ့စာသားကိုနှိပ်ပါ။

Download and Install ဆိုတဲ့စာသားကိုနှိပ်လိုက်ရင်တော့ ဖုန်းရဲ့ passcode တောင်းပါမယ်။ ထည့်ပေးလိုက်ပါ။

Passcode ထည့်ပြီးရင်တော့ update လုပ်ဖို့ သဘောတူပါလားဆိုပြီး စာသားတစ်ခုပေါ်လာမှာပါ။ မိမိအနေနဲ့ update ဆက်
လုပ်မယ်ဆိုရင်တော့ Agree ဆိုတဲ့စာသားကိုနှိပ်ပေးလိုက်ပါ။ ဒါမှ မဟုတ် အကြောင်းကြောင်းကြောင့် ဆက်မလုပ်ချင်တော့ဘူးဆိုရင်
တော့ Disagree ကိုနှိပ်လိုက်ရုံပါပဲ။

ပြီးရင်တော့ Apple Watch ကိုဝယ်တုန်းကပါတဲ့ Charger နဲ့ချိတ်ပြီးအားသွင်းထားလိုက်ပါ။ ဘာလို့လဲဆိုတော့ Apple Watch ရဲ့ ဘက်ထရီ ၅ဝ ရာခိုင်နှုန်းခန့် အနည်းဆုံးမရှိဘူးဆိုရင်တော့ update ကို လုပ်ဆောင်နိုင်မှာမဟုတ်လို့ဖြစ်ပါတယ်။

တကယ်လို့အောက်ကပုံလိုမျိုး Apple Watch မှာ pin code တောင်းလာရင်တော့ မိမိထည့်ထားတဲ့ pin code ကို ထည့်ပေးရ မှာဖြစ်ပါတယ်။

pin code ထည့်ပေးပြီးရင်တော့ Watch က restart ကျသွား မှာဖြစ်ပြီး update ကို flash (install) လုပ်ပေးသွားမှာဖြစ်ပါတယ်။

Flash လုပ်လို့ပြီးသွားရင်တော့ Watch က အလိုအလျောက် restart ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ Apple Watch ကို update လုပ်တဲ့လုပ်ငန်းစဉ်ပြီးဆုံးပြီပဲဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း