Apple Watch ကနေ Spotify တိုက်ရိုက်ဖွင့်နိုင်

Spotify ဟာ Apple Watch ကနေ သီချင်းတိုက်ရိုက်ဖွင့် နားထောင်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းခဲ့ပါတယ်။

Apple Watch အတွက်၂၀၁၈ ခုနှစ်က နောက်ပိုင်းထွက်ခဲ့တဲ့ Spotify ကတော့ iPhone ဒါမှမဟုတ် Spotify Connect နဲ့ကိုက်ညီတဲ့ ထုတ်ကုန်မှာ သီချင်းနားထောင်မယ့် ရီမုဒ်အဖြစ်ပဲ အသုံးပြုနိုင်ပါတယ်။

အခု feature သစ်ကတော့ ဖုန်းမရှိတဲ့အခါ Apple Watch ပေါ်မှာ Spotify ကသီချင်းတွေကို စပီကာ ဒါမှမဟုတ် Bluetooth နားကြပ်တွေနဲ့ နားထောင်နိုင်ပါတယ်။ လုပ်ဆောင်ချက်အသစ်ကို Apple Watch Series 3 နဲ့ နောက်ပိုင်း ထွက်ရှိတဲ့ ထုတ်ကုန်အပြင် watchOS 6.0 အထက် ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပါတယ်။ Spotify နောက်ဆုံးဗားရှင်း app ကိုလည်း download လုပ်ထားဖို့လိုပါမယ်။

-စိုးထက်
Ref: TheVerge

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««