Apple Store app အတွက် dark mode ထောက်ပံ့

Apple ဟာ iOS အတွက် Apple Store app ဗားရှင်းသစ်မှာ Dark mode ထောက်ပံ့လိုက်ပါတယ်။ Apple က ဒီဇိုင်းပိုင်း ပြင်ဆင်ထားတဲ့ Apple Support app ကိုလည်း Dark mode ထောက်ပံ့ပေးလိုက်ပါတယ်။

Apple Store app ရဲ့ interface မှာ အနက်နဲ့ မီးခိုးဒီဇိုင်းကို ပေါင်းစပ်ထားပါတယ်။ iPhone ဒါမှမဟုတ် iPad system setting ထဲက Dark mode အတိုင်း ထိန်းသိမ်းထားပြီး သုံးစွဲသူစိတ်ကြိုက်ပေါ် အခြေခံပြီး အလိုအလျောက် အပြောင်းအလဲ ပြုလုပ်ပေးပါတယ်။

Apple Store app မှာ dark mode ထောက်ပံ့မှုအပြင် အားနည်းချက်တွေကို ပြင်ဆင်ထားပြီး စွမ်းဆောင်ရည်လည်း မြှင့်တင်ထားပါတယ်။

စိုးထက်
Ref: 9to5Mac