
Facebook ဟာ လာမယ့်လအတွင်း iOS 14 ထွက်ရှိလာတာနဲ့ iPhone သုံးစွဲသူဆီက စွမ်းဆောင်ရည်နည်းပါးတဲ့ ကြော်ငြာတွေ ပေါ်လာနိုင်တယ်လို့ ကြော်ငြာရှင်တွေကို သတိပေးလိုက်ပါတယ်။ ကြော်ငြာရှင်အနေနဲ့ အနှောင့်အယှက်တွေကို ထိန်းသိမ်းဖို့ ဒုတိယမြောက် ကြော်ငြာရှင် account ကိုဖန်တီးထားဖို့ ပြောထားပါတယ်။
Facebook ရဲ့ကြော်ငြာရှင် အများစုက Apple ရဲ့ “Identifier for Advertisers” (IDFA) ဆိုတဲ့ သုံးစွဲသူ ခြေရာခံစနစ်ကို အသုံးပြုထားကြပါတယ်။ အဲဒီ လုပ်ဆောင်ချက် သုံးစွဲသူ စိတ်ဝင်စားတဲ့ အရာအပေါ် ပစ်မှတ်ထားပြီး မိုဘိုင်း app ပေါ် ကလစ်နှိပ်လိုက်ရင် app ကို install လုပ်ဖို့ လမ်းညွှန်ပေးပါတယ်။ iOS 14 နဲ့အတူ ပါဝင်မယ့် IDFA ကအပြောင်းအလဲကြောင့် လုပ်ငန်းရှင်အများစုအတွက် ဈေးကွက်ရှာဖွေရေး နည်းဗျူဟာအပေါ် သက်ရောက်မှုရှိပါတယ်။
Apple အနေနဲ့ သုံးစွဲသူ တစ်ကိုယ်ရေလုံခြုံရေး ကာကွယ်မှုကို ပိုကောင်းအောင် လုပ်မယ်လို့ ပြောထားပါတယ်။ IDFA လုပ်ဆောင်ချက်ကိုလည်း သုံးစွဲသူက ရွေးချယ်နိုင်အောင် ပြုလုပ်ပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။
-စိုးထက်
Ref: Axios
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««