Apple Pay နဲ့ QR code တွေကို scan လုပ်နိုင်ဖွယ်ရှိ

Apple ရဲ့အသစ်ထွက်ရှိမယ့် iOS 14 update မှာ Apple Pay အတွင်း QR code တွေကို scan လုပ်ပြီး ပစ္စည်းတွေ ဝယ်နိုင်ပါမယ်။ မကြာသေးခင်က ဖြန့်ချိလိုက်တဲ့ iOS 14 developer beta အသစ်ထဲက ရည်ညွှန်းထဲမှာ အခု feature ကို 9to5Mac ကတွေ့ရှိခဲ့တယ်။

အဲဒီ feature ကိုအသုံးပြုလို့ မရသေးပေမယ့် ဘယ်လို အသုံးပြုမလဲဆိုတဲ့ ညွှန်ကြားမှု ရုပ်ပုံပါ၀င်တယ်လို့ 9to5Mac ကပြောခဲ့ပါတယ်။ ဒါကြောင့် Apple Play အသုံးပြုပြီး ဝယ်ယူမှုလုပ်တဲ့အခါ QR code scan နိုင်ဖို့ third-party app တွေကို အသုံးပြုခွင့် ပေးဖွယ်ရှိပါတယ်။ iOS 14 ကို developer beta အဖြစ်ပဲ ဖြန့်ချိသေးပါတယ်။ Apple အနေနဲ့ အများပြည်သူဆီ မဖြန့်ခင်မှာ လှည့်ပြောင်းမှုနဲ့ အပြောင်းအလဲကိုလည်း ပုံမှန် ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် အခု feature က အပြီးသတ် iOS 14 မှာပါဝင်လာမလား ဆိုတာ မသိသေးပါဘူး။

စိုးထက်
Ref: TheVerge