
Apple’ One More Thing Event အခမ်းအနား live blog ကို နိုဝင်ဘာ ၁၀ ရက်၊ မြန်မာစံတော်ချိန် ည ၁၂:၃၀ မိနစ် မှာ အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးသွားပါမယ်။
-
Apple ပွဲကတော့ ပြီးဆုံးသွားပြီ။ ဝင်ရောက်ကြည့်ရှုသူအားလုံးကို ကျေးဇူးတင်ပါတယ်။
-
-
Apple ရဲ့ MacBook Air, Mac Mini နဲ့ MacBook Pro တို့ကို လာမယ့်အပတ်အတွင်း မှာယူနိုင်ပါပြီ။ macOS Big Sur ကိုတော့ နိုဝင်ဘာလ ၁၂ရက်မှာ မိတ်ဆက်ပါမယ်။
-
Family Photo -
-
MacBoo Pro ကိုတော့ ၁,၂၉၉ဒေါ်လာနဲ့ စတင်ရောင်းချပါမယ်။
-
-
-
၁၃လက်မ MacBook Pro အသစ်မှာ M1 ချစ်ပ်ပါဝင်လာပါတယ်။ အရင်မော်ဒယ်ထက် ၈ဆနီးပါးမြန်ဆန်ပါတယ်။ ရုပ်ထွက်ပိုင်းလည်း ၅ဆမြန်ဆန်ပါတယ်။ 8K ProRes ဗီဒီယိုတွေကို ကြည့်နိုင်ပါတယ်။ ဘက်ထရီသက်တမ်းက အင်တာနက်သုံးရင် ၁၇နာရီ၊ ဗီဒီယိုကြည့်ရင် နာရီ ၂၀အထိ အသုံးပြုနိုင်ပါတယ်။ Mac ထုတ်ကုန်တစ်ခုအတွက် ဘက်ထရီသက်တမ်း တာရှည်ခံလွန်းပါတယ်။ Touch Bar လည်းပါဝင်လာပါတယ်။
-
-
-
New MacBook Pro
-
-
-
MacBook Pro ကိုတော့ မိတ်ဆက်လိုက်ပါပြီ။
-
-
Mac Mini ကိုတော့ ၆၉၉ဒေါ်လာနဲ့ ရောင်းချပါမယ်။ အရင်မော်ဒယ်ထက် ဒေါ်လာ ၁၀၀သက်သာပါတယ်။
-
Mac Mini -
-
Apple ဟာ မူလ Mac Mini ဒီဇိုင်းကိုပဲ အသုံးပြုထားပါတယ်။ မူလ mini ထက် graphics မြန်နှုန်း ၆ဆကျော်ရှိပါတယ်။ Mac Mini ကိုတော့ သိပ္ပံပညာရှင်၊ အင်ဂျင်နီယာနဲ့ developer တွေများစွာ အသုံးချနေကြတယ်လို့ ပြောသွားပါတယ်။