Apple Notes အသုံးဝင်ဆုံး လုပ်ဆောင်ချက် (၅) ခု

Apple Notes ကတော့ အဝါရောင် မှတ်စုစက္ကူကတ်နဲ့ တူပြီး အလွန်ကောင်းတဲ့ ဒီဂျစ်တယ်စာရင်း app ဖြစ်ပါတယ်။ မှတ်စုအမျိုးမျိုးကို မြန်မြန်ဆန်ဆန် မှတ်ထားနိုင်ပါတယ်။ iCloud နဲ့ sync လုပ်လိုက်တာနဲ့ ထုတ်ကုန်အမျိုးမျိုးမှာ မှတ်စုတွေ သုံးနိုင်ပါတယ်။

Apple Notes မှာ အခြား အသုံးဝင်တဲ့ feature တွေရှိပါသေးတယ်

(၁) document scanner တစ်ခုအဖြစ် အသုံးပြုနိုင်

Notes app ဖွင့်ပြီး မှတ်စုအသစ် ဖန်တီးလိုက်ပြီး အောက်ခြေက ကင်မရာကို နှိပ်ကာ Scan Documents ကို ရွေးချယ်ပါ။ ဖုန်းကို ကိုင်ထားပြီး scan လုပ်လိုတဲ့ စာရွက်စာတမ်းကို လုပ်လို့ရပါတယ်။ App က စာရွက်ကို ခြေရာခံပြီး အလိုအလျောက် scan လုပ်ပေးသွားပါမယ်။ Manual mode ထဲမှာ ဓာတ်ပုံရိုက်ပြီး mode ကို ပြောင်းလဲနိုင်ပါတယ်။

(၂) Siri က မှတ်စု မှတ်ပေးနိုင်

Notes app မှာ Siri နဲ့ အမိန့်ပေးခိုင်းစေပြီး မှတ်စုတွေ မှတ်ထားနိုင်ပါတယ်။ App ကိုဖွင့်ပြီး စာရေးသားပြီးနောက် မှတ်စုကို အတည်ပြု save နိုင်ပါတယ်။

(၃) မိသားစုဝင်တွေ ဝင်ရောက်တည်းဖြတ်နိုင်

အစားအသောက်စာရင်းတစ်ခု ဖန်တီးမယ်ဆိုပါတော့။ Notes ကိုအသုံးပြုပြီး စာရင်းတစ်ခုတည်းနဲ့ မိသားစုဝင်တွေ ပါဝင်ရေးသားလို့ ရအောင် ဖန်တီးနို်ငပါတယ်။ မှတ်စုတွေကို လူတစ်ဦးချင်းစီ ဝေမျှတာက feature သစ်မဟုတ်ပါဘူး။ iOS 13 မှာဆိုရင် folder တစ်ခုလုံး ဝေမျှလို့ရပါတယ်။ Folder တစ်ခုဝေမျှမယ်ဆိုရင် ဘယ်ဘက်ကို swipe လုပ်ပြီး Add People icon ကိုနှိပ်ပေးရပါမယ်။

(၄) စိတ်ကူး ဝေမျှခြင်း

သုံးစွဲသူက ရေချိုးခန်းပြင်ဖို့ လိုတာ ဒါမှမဟုတ် နောက်ဖေးဥယျာဉ်ကို ပြင်ဖို့ လိုလာတဲ့အခါ အစီအစဉ်နဲ့ လက်ရေး ပုံကြမ်းတွေ မှတ်သားထားပါတယ်။ ဒါ့အပြင် ဓာတ်ပုံ၊ ဗီဒီယို ဒါမှဟုတ် ဝက်ဘ်ဆိုက်လင့်ခ်နဲ့ attachment တွေကိုလည်း တွဲနိုင်ပါတယ်။

(၅) အရေးကြီး စာရွက်စာတမ်းတွေ သိမ်းဆည်းနိုင်

Apple Notes မှာ အရေးကြီး စာရွက်စာတမ်းတွေကို လူတိုင်း ဖွင့်မကြည့်နိုင်အောင် Face ID, Touch ID ဒါမှမဟုတ် password နဲ့သိမ်းလို့ရပါတယ်။
အရေးကြီး အချက်အလက်တွေ သိမ်းဆည်းထားဖို့ မှတ်စု ညာဘက်ထိပ် အပေါ်မှာ Lock Note ဆိုတာကို ရွေးချယ်ပေးရပါမယ်။ ဒါမှမဟုတ်လည်း Face ID ဒါမှမဟုတ် Touch ID ကို အသုံးပြုနိုင်ပါတယ်။

-စိုးထက်
Ref: USAToday

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««