Apple Music ရဲ့ Sleep timer ကို ဘယ်လိုသုံးမလဲ

ညပိုင်း အိပ်တဲ့အခါမှာ သီချင်းနားထောင်ရင်း အိပ်တတ်တဲ့သူတွေအတွက် ဖုန်းမှာ Sleep timer အချိန်သတ်မှတ် အသုံးပြုသင့်ပါတယ်။ ဒါမှ ဖုန်းတစ်ညလုံး ပွင့်နေတာမျိုး မရှိဘဲ ဘက်ထရီကုန်တာကို သက်သာစေမှာ ဖြစ်ပါတယ်။

iPhone သုံးသူတွေအနေနဲ့ Apple ရဲ့ Music app ကနေ မိမိ နှစ်သက်တဲ့ ကိုယ်ပိုင်သီချင်းတွေ အပြင် Apple Music streaming ဝန်ဆောင်မှုက သီချင်းတွေကိုလည်း နားထောင်နိုင်ပါတယ်။ အဲလိုမျိုး သီချင်းတွေ အိပ်ခါနီး နား
ထောင်ရင်း အိပ်တတ်တဲ့သူတွေ အနေနဲ့ အခုဖော်ပြပေးမယ့် sleep timer စနစ်ကို အသုံးပြုပြီး အိပ်စက်တာက ဖုန်းတစ်ညလုံး ပွင့်နေပြီး ဘက်ထရီကုန်တာကို ရှောင်ရှားနိုင််မှာလည်း ဖြစ်ပါတယ်။

သင့်အနေနဲ့ iPhone 8 နဲ့ သူ့အရင်ထွက်တဲ့ ဖုန်းကို သုံးနေတာဆိုရင်တော့ iPhone ရဲ့ Control Center စနစ်ထဲကို သွားဖို့အတွက် ဖုန်းမျက်နှာပြင် အောက်ဘက်ဘောင်ကနေ အပေါ်ကို တစ်ချက်ပွတ်ဆွဲလိုက်ပါ။ ပြီးရင်တော့ Control Center ထဲက Clock app ကို တစ်ချက်နှိပ်လိုက်ပါ။

Clock app ပွင့်လာရင်တော့ Timer ဆိုတဲ့ icon လေးကို တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ သီချင်းကို ဘယ်လောက်ထိ ဖွင့်မယ်၊ ဘယ်အချိန် အလိုအလျောက်ပိတ်လိုက်မယ် ဆိုတာကို သတ်မှတ်နိုင််မှာဖြစ်ပါတယ်။

အချိန်သတ်မှတ်ပြီးရင်တော့ “When Timer Ends” ကို နှိပ်လိုက်ပါ။ ပြီးရင် အဲဒီထဲက “Stop Playing” ဆိုတဲ့ စာသားကို ရှာပြီး ရွေးပြီးနှိပ်လိုက်ပါ။

ရွေးပြီးရင်တော့ ဖုန်းရဲ့ မြင်ကွင်းညာဘက် အပေါ်ထောင့်နားက Set ဆိုတဲ့ စာသားကို နှိပ်ပါ။

အဲလို သတ်မှတ်ထားလိုက်မယ် ဆိုရင်တော့ သင့်အနေနဲ့ အိပ်ပျော်သွားတာဖြစ်ဖြစ်၊ အိပ်မပျော်ခင်ဖြစ်ဖြစ် ဖုန်းကနေ သီချင်းသံကို သင်သတ်မှတ်ထားတဲ့ အချိန်ရောက်တာနဲ့ အလိုအလျောက် ပိတ်ပေးလိုက်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ တကယ်လို့ မအိပ်ပျော်သေးဘူး ဆိုရင်တော့ ပြန်ပြီး အလွယ်တကူ သတ်မှတ်ကာ နားထောင်နိုင်မှာ ဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««