Apple Music မှာ သင့်ကိုယ်ပိုင်ရေဒီယိုတစ်ခု ဘယ်လိုဖန်တီးမလဲ

‌Apple Music က သင်နှစ်သက်တဲ့ နာမည်ကြီးရေဒီယိုလိုင်းတွေကို နားထောင်နိုင်အောင် subscribe လုပ်ထားနိုင်မှာဖြစ်သလို သင့်အနေနဲ့ မနှစ်သက်ပါက ကိုယ်ပိုင်ရေဒီယိုတစ်ခုကို ဖန်တီးထားနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ Apple Music မှာ Default အနေနဲ့ ပါဝင်တဲ့ ရေဒီယိုကို မနှစ်သက်ပါက ဒီနည်းလမ်းကို သုံးပြီး ကိုယ်တိုင်ရေဒီယိုတစ်ခု ဖန်တီးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုးကိုယ်ပိုင်ရေဒီယိုတစ်ခုကို iOS တင်မကဘဲ iPad OS နဲ့ macOS တွေမှာလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ခုဖော်ပြပေးမှာတော့ iPhone နဲ့ iPad တွေမှာ ဘယ်လိုဖန်တီးတယ် ဆိုတာကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အရင်ဆုံးဖုန်းထဲက Music app ကို ဖွင့်လိုက်ပါ။

ပြီးရင်တော့ Radio ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ။

သင့်အနေနဲ့ ကိုယ်ကြိုက်တဲ့ ရေဒီယိုလိုင်းကို နားထောင်ဖို့အတွက် ရွေးချယ်နိုင်ပါတယ်။ အဲလို ရွေးချယ်ထားရင်တော့ အဲဒီ ရေဒီယိုလိုင်းကလာတဲ့ အစီအစဉ်တွေကို နားဆင်နိုင်မှာဖြစ်ပါတယ်။

သင့်အနေနဲ့ မကြိုက်တဲ့ အစီအစဉ်တွေကို နားမထောင်ချင်ရင်တော့ သင်ကြိုက်တဲ့ အစီအစဉ်တွေကို စုစည်းထားပြီး အဲဒီ အစီအစဉ်တွေကိုပဲ ကိုယ်ပိုင်ရေဒီယိုလိုင်း တစ်ခုကို ဖန်တီးထားနိုင်မှာဖြစ်ပါတယ်။ အဲလိုဖန်တီးထားဖို့အတွက် သင့်အနေနဲ့ နှစ်သက်တဲ့ သီချင်း၊ အစီအစဉ်၊ အနုပညာရှင်လိုင်းကိုရှာပါ။ အဲလိုရှာလိုက်ရင်တော့ Apple Music က အခြားတူညီတဲ့ သီချင်း၊ အဆိုတော် စတာတွေကို အလိုအလျောက် အကြံပြုဖော်ပြပေးမှာဖြစ်ပါတယ်။ သင့်အနေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် ဒါမှမဟုတ် App ကနေ download လုပ်ထားတဲ့ သီချင်းတွေကိုလည်း သင့်ရဲ့ ကိုယ်ပိုင်ရေဒီယိုလိုင်းမှာ ထပ်မံ ထည့်သွင်းထားနိုင်ပါတယ်။ သင်နှစ်သက်တဲ့ အစီအစဉ်၊ သီချင်းတစ်ခုခုရဲ့ Playback နေရာမှာ အစက်သုံးခု menu icon ကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ Create Station ဆိုတဲ့စာသားကို ရွေးလိုက်ပါ။

ဒါဆိုရင်တော့ သင်ရွေးလိုက်တဲ့ သီချင်း၊ ရေဒီယိုအစီအစဉ် စတာတွေကို ကိုယ်ပိုင်ရေဒီယိုတစ်ခု အနေနဲ့ ပုံမှန်ဖွင့်နားထောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့ သင်နှစ်သက်တဲ့ သီချင်း၊ ရေဒီယိုအစီအစဉ် ကျပန်းအစီအစဉ် တစ်ခုကို ဖြစ်စေ menu icon ကိုနှိပ်ပြီး Love ဆိုတဲ့ စာသားကို ရွေးပေးလိုက်တာနဲ့ App က သင်နှစ်သက်တဲ့ သီချင်းနဲ့ဆင်တူတဲ့ သီချင်းတွေကို အလိုအလျောက် ရှာဖွေပြီး သင့်ရဲ့ ရေဒီယိုမှာ ထည့်သွင်းပေးမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««