
ဂစ်တာထုတ်လုပ်တဲ့ Fender ကုမ္ပဏီဟာ ဂစ်တာ၊ စန္ဒရား ဒါမှမဟုတ် ယူကလီလီနဲ့ သီချင်းသန်းပေါင်းများစွာရဲ့ ကော့ဒ်တွေ သင်ကြားပေးမယ့် iOS app အသစ်ဖြစ်တဲ့ Fender Songs ကိုထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ app ကို အခမဲ့ download ပြုလုပ်နိုင်ပေမယ့် library တစ်ခုလုံး အသုံးပြုမယ်ဆိုရင် တစ်နှစ်ကို ၄.၉၉ ဒေါ်လာကနေ ၄၁.၉၉ အထိ ကျသင့်နိုင်ပါတယ်။
Fender Songs မှာသပ်ရပ်တဲ့ interface နဲ့အတူ အသံထွက်တိကျတဲ့ ကော့ဒ် databse ပါဝင်လာပါတယ်။ “Fender Songs app ဟာဂစ်တာနဲ့ သီချင်းတီးတတ်ချင်သူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်” လို့ Fender နည်းပညာအကြီးအကဲဖြစ်တဲ့ အီသန်ကပ်လန်က ပြောခဲ့ပါတယ်။ ဂစ်တာတီးသင်မယ့်သူတွေ အနေနဲ့ သီချင်းတွေရှာဖွေဖို့ Fender Songs ကိုအားထားနိုင်ပါတယ်။
သုံးစွဲသူက သီချင်းတစ်ပုဒ်အပြင် အယ်လ်ဘမ်တစ်ချပ်လုံးက သီချင်းတွေရဲ့ ကော့ဒ်ကိုလည်း တွေ့နိုင်ပါတယ်။
စိုးထက်
Ref: TheVerge