Apple Mail App ရဲ့အသုံးဝင်ဆုံး feature (၁၀) ခု

Apple ရဲ့ Mail app မှာ iOS 13 နဲ့ iPad OS 13.1 ကြောင့် feature အသစ်တွေ ပါဝင်လာပါတယ်။ အဲဒီ feature တွေထဲက format ရွေးချယ်မှုတွေထဲမှာ scans, photos, videos, drawings နဲ့အခြား attachment တွေ ထည့်သွင်းနိုင်ပါတယ်။ အဆင့်မြင့် Reply menu လည်းပါဝင်လာပါတယ်။ ဒါ့အပြင် အီးမေးလ်ပေးပို့သူကို အလွယ်တကူ ပိတ်ပင်နိုင်ပါတယ်။

Formatting Menu

Mail app ကိုဖွင့်ပြီး message အသစ်ကို စတင်လိုက်တဲ့အခါ အီးမေးလ်လက်ခံသူနဲ့ subject ကိုရိုက်ထည့်၊ message ကိုယ်ထည်ကို tap လုပ်လိုက်ပါ။ အဲဒီအခါမှာ ညာဘက်မှာ ပေါ်လာတဲ့ မြားကို tap လုပ်လိုက်ရင် icon နဲ့ command အမျိုးမျိုး အသုံးပြုနိုင်တဲ့ text bar ကိုတွေ့မှာပါ။

Formatting ကိုပြောင်းလဲခြင်း

Aa icon ကိုနှိပ်လိုက်ရင် Formatting menu အသစ်ကို မြင်ရပါမယ်။ သုံးစွဲသူက အီးမေးလ်အတွက် bold, italics, underline နဲ့ strikethrought လိုမျိုးအရာတွေ တွေ့ရပါမယ်။ ဒါ့အပြင် font အရွယ်အစားကိုလည်း ပြောင်းလဲနိုင်ပါတယ်။ စာသားအရောင်နဲ့ font အမျိုးအစားကိုလည်း ပြောင်းလဲနိုင်ပါသေးတယ်။

Alignment ကိုပြောင်းလဲခြင်း

အခု feature ကစာပိုဒ်ကို ဘယ်ဘက်၊ အလယ် ဒါမှမဟုတ် ညာဘက်အထိ ချိန်ညှိနိုင်ပါတယ်။ သုံးစွဲသူက bullet ဒါမှမဟုတ် နံပါတ်စဉ်ကိုလည်း ထည့်သွင်းနိုင်ပါတယ်။

မီဒီယာထည့်သွင်းခြင်း

Keyboard toolbar ပေါ်က ဒုတိယမြောက် icon ကိုဖွင့်ပြီး library က ဓာတ်ပုံတွေနဲ့ ဗီဒီယိုထည့်သွင်းနိုင်ပါတယ်။ မျက်နှာပြင်ထက်ဝက်အောက်ပိုင်းမှာ ဓာတ်ပုံ thumbnail တွေပြသပေးမှာပါ။ သုံးစွဲသူက ထည့်သွင်းလိုတဲ့ ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုကို tap လုပ်လိုက်ရင် အီးမေးလ်ထဲရောက်သွားပါမယ်။

ဓာတ်ပုံရိုက်ကူးပြီး ဖိုင်ထည့်သွင်းခြင်း

Keyboard toolbar ပေါ်က ကင်မရာ icon ကိုနှိပ်လိုက်ရင် အီးမေးလ်ထဲထည့်သွင်းမယ့် ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုကို ရိုက်နိုင်ပါတယ်။ Files app ကိုအသုံးပြုမယ်ဆိုရင် အွန်လိုင်းဝန်ဆောင်မှုတွေကနေ file icon ကိုနှိပ်ပြီး စာရွက်စာတမ်း၊ ဓာတ်ပုံ ဒါမှမဟုတ် အခြားဖိုင်ကို ထည့်သွင်းနိုင်ပါတယ်။ သုံးစွဲသူက စာရွက်စာတမ်းကို scan လုပ်ပြီး အီးမေးလ်ထဲလည်း ထည့်သွင်းနိုင်ပါတယ်။

Markup Tools

Keyboard toolbar အတွင်းက pen icon ကိုနှိပ်လိုက်ရင် markup tool တွေပေါ်လာမယ်။ အဲဒီ tool တွေနဲ့ ပုံတွေရေးဆွဲပြီး အမှတ်အသားလုပ်ထားတဲ့ ဓာတ်ပုံနဲ့ စာရွက်စာတမ်းတွေကို attach လုပ်ပေးနိုင်ပါတယ်။ အီးမေးလ်မှာ ပုံအသစ်တွေလည်း ရေးဆွဲနိုင်ပါတယ်။

Reply Menu

အီးမေးလ်က ပြန်ကြားလိုတဲ့ အီးမေးလ်ကို ဖွင့်ပါတယ်။ Reply icon ကိုနှိပ်လိုက်ရင် option များစွာတွေ့ရပါမယ်။ သုံးစွဲသူက message ကို reply လုပ်နိုင်သလို အီးမေးလ်လက်ခံသူများစွာကိုလည်း reply လုပ်ကာ message ကိုလည်း forward လုပ်တာနဲ့ archive လည်းပြုလုပ်နိုင်ပါတယ်။

အရေးကြီး message ကို flag လုပ်နိုင်တဲ့ options တွေပါဝင်ပြီး unread သတ်မှတ်တာ၊ folder တစ်ခုထဲ ထည့်သွင်းတာ ဒါမှမဟုတ် ဖျက်ပစ်တာတွေလုပ်နိုင်ပါတယ်။ တချို့ အီးမေးလ်တွေကို spam အဖြစ်သတ်မှတ်ပြီး ဖျက်နိုင်ပါတယ်။ Mute ခလုတ်ကတော့ message ပေးပို့တဲ့သတိပေးချက် ပိတ်တာဖြစ်ပါတယ်။

Pop-Up Commands

Apple ဟာ inbox အတွင်းက အီးမေးလ်ကို ဖိနှိပ်ထားရင် ပေါ်လာမယ့် pop-up command တစ်ခုကို ထည့်သွင်းထားပါတယ်။ အဲဒီ menu မှာမြန်ဆန်စွာ ပြုလုပ်နိုင်မယ့် feature များစွာပါဝင်လာပါတယ်။

အီးမေးလ်ပေးပို့သူကို ပိတ်ပင်ခြင်းမလိုအပ်တဲ့ အီးမေးလ်ကို ဖွင့်ပြီး ပေးပို့သူအမည်ကို tap လုပ်ပါ။ Mail ဗားရှင်းအသစ်က အခြား command တွေနဲ့အတူ အီးမေးလ်ပေးပို့သူ အသစ်ကိုလည်း ပိတ်နိုင်ပါတယ်။ ပိတ်မယ်ဆိုရင် Block this Contact ကို ရွေးချယ်ပေးရပါမယ်။

အီးမေးလ်အမျိုးမျိုးကို select လုပ်ခြင်း

အဆင့်မြှင့်တင်ထားတဲ့ Mail မှာ message တွေကိုအလွယ်တကူ select လုပ်နိုင်ပါတယ်။ Inbox ညာဘက်ထိပ်ဆုံးက Edit ခလုတ်ကို tap လုပ်ပြီး အီးမေးလ်ကို select လုပ်နိုင်ကာ swipe လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် folder အတွင်းက message အားလုံးကို ရွေးချယ်မယ်ဆိုရင် Edit> Select All ကို ရွေးချယ်နိုင်ပါတယ်။

စိုးထက်
Ref: PCMag