Apple MacBook Pro (13inch, M1, 2020)

ဈေးနှုန်း– ကန်ဒေါ်လာ ၁၈၉၉

အားသာချက်

Overall စွမ်းဆောင်ရည်အပြင် မြင့်မားကောင်းမွန်တဲ့ ဂိမ်းစွမ်းဆောင်ရည်၊ ဘက်ထရီနဲ့ အချိန်ကြာကြာအသုံးပြုနိုင်မှု၊ အထူးမြန်ဆန်တဲ့ SSD ၊ ရုပ်ထွက်အရည်အသွေးကောင်းမွန်တဲ့ webcam နဲ့ အသုံးပြုရတာ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်စနစ်တွေ ပါဝင်လာတာက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

Display ရဲ့ ဘေးဘောင်တွေက ကြီးတယ်လို့ခံစားရတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ Port တွေ အနည်းငယ်သာ ပါဝင်တာက ဒီ Laptop ရဲ့ အားနည်းချက်လို့ဆိုရမှာပါ။

သုံးသပ်ချက်

MacBook Pro (M1, 2020) အလုံးစုံ ပရီမီယံစွမ်းဆောင်ရည်အားလုံး ပိုင်ဆိုင်ထားတဲ့ Laptop တစ်လုံးလို့ ဆိုရမှာပါ။ ထိပ်တန်းစွမ်းဆောင်ရည်၊ အချိန်ကြာကြာသုံးနိုင်တဲ့ ဘက်ထရီစနစ်၊ မြင့်မားတဲ့ ဂရပ်ဖစ်စွမ်းဆောင်ရဉ်တွေပိုင်ဆိုင်ထားပေမယ့် Display ဘေးဘောင်တွေ အနည်းငယ်ကြီးတယ်လို့ ခံစားရတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ Port တွေ အများကြီး မပါဝင်တာကလွဲရင် Laptop ရဲ့ overall စွမ်းဆောင်ရည်က ပျှမ်းမျှပရီမီယံ Laptop တစ်လုံးရဲ့ အထက်မှာရှိတဲ့ Laptop တစ်လုံးလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ ဈေးအနည်းငယ် ပိုသက်သာတာကို ရှာနေတယ်ဆိုရင်တော့ သူ့လိုပဲ စွမ်းဆောင်ရည်ပိုင်းမြင့်မားသလို display ပိုင်း တောက်ပမှုရှိတဲ့ ကန်ဒေါ်လာ ၉၉၉ တန် Asus ZenBook UX325EA ကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ သင်က နောက်ဆုံးထွက် စွမ်းဆောင်ရည်မြင့်မားကောင်းမွန်တဲ့ ထိပ်တန်းပရီမီယံအဆင့် Laptop ကိုမှ သုံးချင်ရင်တော့ MacBook Pro (M1, 2020) ကိုသာ ဟယ်လိုလုပ်လိုက်ပါလို့ ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Apple MacBook Pro ရဲ့ ၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေး 2650x1600p ထောက်ပံ့ပေးနိုင်တဲ့ Retina display ဖြစ်ပါတယ်။ သူ့အရင်ထွက်ခဲ့တဲ့ Pro မော်ဒယ်တွေလိုဘဲ Display ရဲ့ ဘေးဘောင်တွေက အနည်းငယ်ထူတယ်လို့ ခံစားရပါတယ်။ Apple M1 processor ကို အသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1TB SSD တွေ ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Apple M1 GPU ထောက်ပံ့ပါဝင်ပြီး Rise of the Tomb Raider benchmark စမ်းသပ်မှုအမြင့်ဆုံး ဖြစ်တဲ့ 1400×900 နဲ့ကို 29fps နဲ့ အသုံးပြုနိုင်ပါတယ်။ ဒီ frames rate က 24fps ပရီမီယံ Laptop ထက် ပိုမြင့်တယ်လို့ဆိုရမှာပါ။ Geekbench 5.0 ရဲ့ overall စွမ်းဆောင်ရည်ရမှတ်အနေနဲ့ ၅၈၈၂ ရှိပြီး ဒီရမှတ်က ပျှမ်းမျှရှိသင့်တဲ့ ပရီမီယံ Laptop တစ်လုံးရမှတ် ၄၂၁၅ ထက် ပိုတဲ့ရမှတ်လို့ဆိုရမှာပါ။ သေးငယ်ပါးလွှာတဲ့ စပီကာနှစ်လုံးက အသံထွက်ပိုင်း ကျယ်လောင်ကောင်းမွန်မှုရှိပြီး 720p webcam က ကာလာပိုင်းကောင်းမွန်မှု ရှိပါတယ်။ အသုံးပြုရတာ သက်သောင့်သာရှိတဲ့ Magic ကီးဘုတ်ရဲ့ ကီးခလုတ်တွေကလည်း အသုံးပြုရတာကောင်းမွန်မှုရှိပါတယ်။ ၅.၁x၃.၂ လက်မအရွယ်အစား trackpad က ကြီးမားမှုရှိပါတယ်။

Laptop ရဲ့ ညာဘက်ဘောင်ထဲမှာ Thunderbolt 3 ပေါက်နှစ်ပေါက်နဲ့ နားကြပ်ပေါက်ရှိမှာဖြစ်ပြီး ဘယ်ဘက်ဘောင်ထဲမှာတော့ USB 4 ထောက်ပံ့ပေးနိုင်တဲ့ Thunderbole ပေါက်ကို ထည့်သွင်းပေးထားပါတယ်။ ပါဝါခလုတ်နဲ့တွဲပြီး Touch ID လက်ဗွေစနစ်ကို ထည့်သွင်းပေးထားပါတယ်။

MacBook Pro (M1, 2020) ကို မြင်ကွင်းတောက်ပမှု 150 nits နဲ့WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၆ နာရီနဲ့ ၃၂ မိနစ်ခန့် အသုံးပြုနိုင်တာက ပရီမီယံ Laptop တစ်လုံးရှိသင့်တဲ့ ဘက်ထရီနဲ့အသုံးပြုနိုင်မှုကြာချိန် ၁၀ နာရီထက် ပိုကြာကြာသုံးနိုင်တာ သဘောကျစရာပါ။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၃ ပေါင်) ရှိပြီး အနည်းငယ် အလေးချိန်ရှိတယ်လို့ ဆိုရမှာပါ။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««