Apple MacBook Air (M1 2020)

ဈေးနှုန်း– ကန်ဒေါ်လာ ၉၉၉.၉၉

အားသာချက်

ပါးလွှာတဲ့ unibody အလူမီနီယံကိုယ်ထည်၊ မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ပျှမ်းမျှ ရှိသင့်တာထက် ပိုကြာကြာသုံးနိုင်တဲ့ ဘက်ထရီစနစ်၊ iPhone နဲ့ iPad အက်ပလီကေးရှင်းတွေ အသုံးပြုနိုင်တာ၊ ထိပ်တန်းအဆင့် စပီကာနဲ့ ကီးဘုတ်တွေ ပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

Port တွေ အနည်းငယ်သာ ပါဝင်တာနဲ့ ဒီဇိုင်းက update ဒီဇိုင်း ဖြစ်မလာဘူးလို့ ခံစားရတာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

MacBook Air (M1 2020) က အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားသလို fanless ဒီဇိုင်း ကလည်း အကြမ်းခံနိုင်မှုရှိတယ်လို့ ဆိုရမှာပါ။ Apple နောက်ဆုံးထွက် macOS ၊ တိုးတက်ကောင်းမွန်လာတဲ့ webcam, iPadOS, iOS app တွေပါ အသုံးပြုနိုင်အောင် ဖန်တီးထားမှု၊ အချိန်ကြာကြာ သုံးပေမယ့် ကိုယ်ထည်ပူနွေးမှု မရှိသလို ဘက်ထရီနဲ့လည်း ၁၄ နာရီကြာ သုံးနိုင်မှု၊ နေ့စဉ် လုပ်ငန်းဆောင်တာအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ကီးဘုတ်နဲ့ စပီကာစနစ်တွေ အပြင် ဈေးကလည်း သူ့အရင်မိတ်ဆက်ခဲ့သမျှ MacBook Air တွေထက် သက်သာတယ် ဆိုရမှာပါ။ ပြိုင်ဘက် Dell XPS 13 ကတော့ Bezel-less ဘောင်ပျောက် Display နဲ့ထုတ်ထားသလို ပိုမိုပါးလွှာမှုလည်း ရှိပါတယ်။ နောက်တစ်ခုက MacBook Air မှာ Thunderbolt 3 ပေါက် နှစ်ပေါက်သာ ပါဝင်တာက port dongle သီးသန့် ထပ်မံဝယ်သုံးရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ မြန်ဆန်တဲစွမ်းဆောင်ရည်နဲ့ ဘက်ထရီကြာကြာ သုံးနိုင်ပြီး ပါးလွှာတဲ့ ultrathin laptop ကို သုံးချင်ရင်တော့ ပြိုင်ဘက် တော်တော်များများထက် အဖက်ဖက်က သာလွန်တဲ့ MacBook Air က ရွေးချယ်သင့်တဲ့ Laptop တစ်လုံးပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

MacBook Air ရဲ့ ၁၃.၃ လက်မရှိတဲ့ Retina Display က ရုပ်ထွက်အရည်အသွေး 2560x1660p ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီ laptop မှာ Apple M1 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ 7-core GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD တွေ ပါဝင်ပါတယ်။ စပီကာနှစ်လုံးရဲ့ အသံထွက်ပိုင်း ကောင်းမွန်မှု ရှိသလို ကျယ်လောင်မှုရှိပြီး လက်ချောင်းအရွယ်အစား ကြီးသူတွေအတွက်လည်း အသုံးပြုရ အဆင်ပြေကောင်းမွန်တဲ့ ကီးဘုတ်က ကျေနပ်စရာ ကောင်းလှပါတယ်။ 720p IR webcam ကင်မရာကတော့ အပေါ်ဘောင် ကျဉ်းကျဉ်းလေးထဲမှာ ထည့်သွင်းထားပါတယ်။ ၄.၇x၃.၂ လက်မရှိတဲ့ ကြီးမားတဲ့ Trackpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး macOS guestures စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီ Laptop မှာ ဘယ်ဘက်ဘောင်ထဲမှာ Thunderbolt 3 ပေါက်နှစ်ခု ပါဝင်ပြီး ညာဘက်ဘောင်ထဲမှာ နားကြပ်ပေါက် တစ်ခုကိုသာ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Touch ID လက်ဗွေလုံခြုံရေးစနစ်ကလည်း မြန်ဆန်ကောင်းမွန်မှု ရှိပါတယ်။

MacBook Air ကို မြင်ကွင်းတောက်ပမှု150 nits နဲ့WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၁၄ နာရီနဲ့ ၄၁ မိနစ်ခန့် အသုံးပြုနိုင်တာက စိတ်တိုင်းကျစရာပါ။ အလေးချိန်ကတော့ ၁.၃ ကီလိုဂရမ် (၃ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««