Apple MacBook Air (2018)

[ Zawgyi ]

ေစ်းႏႈန္း – ကန္ေဒၚလာ ၁၁၂၂.၉၉

အားသာခ်က္

ပါးလႊာတဲ့ဒီဇုိင္းနဲ႔ ထုတ္လုပ္ထားသလို ေပါ့ပါးမႈလည္းရွိပါတယ္။ သူ႔ရဲ႕ High-res Retina Display ကလည္း ႐ုပ္ထြက္ပိုင္း ၾကည္လင္ျပတ္သားမႈရွိသလို အလူမီနီယံ ကိုယ္ထည္ကလည္း သဘာဝပတ္၀န္းက်င္ ထိခိုက္မႈကို လုံးဝမရွိေစတဲ့ recycle ျဖစ္မယ့္သတၱဳကို ေရြးခ်ယ္ဖန္တီးထားတာ ျဖစ္ပါတယ္။ အသံထြက္ပိုင္း က်ယ္ေလာင္မႈ ရွိသလို Touch ID စနစ္ေထာက္ပံ့ပါ၀င္တာနဲ႔ Thunderbolt 3 ေပါက္ေတြ ပါ၀င္တာက ေက်နပ္စရာပါ။

အားနည္းခ်က္

CPU က Courei စီးရီး 8th Gen အမ်ဳိးအစားျဖစ္ေပမယ့္ U စီးရီး မဟုတ္တဲ့အတြက္ ေစ်းကြက္ထဲက ၿပိဳင္ဘက္ေမာ္ဒယ္ Laptop ေတြနဲ႔ယွဥ္မယ္ဆိုရင္ ေႏွးတယ္လို႔ ေျပာရမွာပါ။ ေနာက္တစ္ခုက သူ႔မွာ သုံးထားတဲ့ Display က ႐ုပ္ထြက္ကာလာပိုင္းေကာင္းမြန္ေပမယ့္ ေတာက္ပမႈပိုင္းက ဒီထက္ ပိုေတာက္မယ္ဆိုရင္ေတာ့ ပိုေကာင္းမယ္လို႔ျမင္ပါတယ္။

သုံးသပ္ခ်က္

MacBook Air (2018) က သူ႔အရင္ထြက္ခဲ့တဲ့ MacbBook Air ကို upgrade ျပဳလုပ္ၿပီး ထုတ္လုပ္လိုက္တာ ျဖစ္ပါတယ္။ Display က ပိုမိုၾကည္လင္ျပတ္သားသလို ဒီဇုိင္းပိုင္းကလည္း ပါးလႊာ ေပါ့ပါးမႈရွိပါတယ္။ ခုဒီ Laptop မွာ လုံၿခဳံပိုင္းဆုိင္ရာ Touch ID စနစ္ ေထာက္ပံ့ပါ၀င္လာသလို သူ႔ကိုတည္ေဆာက္ထားတဲ့သတၱဳက သဘာဝပတ္၀န္းက်င္ကို လုံးဝထိခုိက္မရွိဘဲ ၁၀၀ ရာခုိင္ႏႈန္း recycle ျပန္လုပ္ႏုိင္တဲ့ သတၱဳကို အသုံးျပဳဖန္တီးထားတာ ေတာ္ေတာ္ေလးမိုက္ပါတယ္။ CPU ပိုင္းက တျခားၿပိဳင္ဘက္ေတြနဲ႔ ႏိႈႈင္းယွဥ္မယ္ဆိုရင္ေတာ့ ေႏွးတယ္လို႔ဆိုရမွာျဖစ္ေပမယ့္ ပုံမွန္အသုံးျပဳေနက် Multitasking အတြက္ အသုံးျပဳမႈကေတာ့ ျမန္ဆန္မႈရွိပါတယ္။ ေနာက္တစ္ခုက သိုေလွာင္မႈအတြက္ သူ႔မွာသုံးထားတဲ့ SSD ကလည္း ေတာ္ေတာ္ေလးျမန္သလို အသံထြက္ပိုင္းကလည္း ေက်နပ္စရာေကာင္းလွပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းက အျခားၿပိဳင္ဘက္ ေမာ္ဒယ္ေတြနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ အနည္းငယ္မ်ားတယ္လို႔ဆိုရမွာ ျဖစ္ၿပီး ေခတ္နဲ႔အညီ ပိုမိုစုံလင္တဲ့ လုပ္ေဆာင္ခ်က္ေတြ ေထာက္ပံ့ပါ၀င္လာတဲ့ MacBook Air ကေတာ့ သြားေလရာမွာ သယ္ေဆာင္အသုံးျပဳႏုိင္တဲ့ သုံးစြဲသူ
အႀကိဳက္ Laptop တစ္လုံးအျဖစ္ ဆက္လက္တည္ရွိေနမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၃.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 2560×1600 pixel အထိ ေထာက္ပံ့ေပးႏိုင္ပါတယ္။ Intel Core i5-8210Y Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ Intel UHD Graphics 617 GPU ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 8 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 128 GB SSD ကို အသုံးျပဳထားပါတယ္။ WiFi 802.11 a/b/g/n/ac ၊ Bluetooth 4.2 ၊ လုံၿခဳံေရးဆုိင္ရာ Touch ID စနစ္၊ Thunderbolt 3 ေပါက္၊ USB Type-C ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါ၀င္ပါတယ္။
Display ရဲ႕ ေတာက္ပမႈႏႈန္း 150 nits နဲ႔ WiFi ခ်ိတ္ထားၿပီး အြန္လုိင္းအဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၉ နာရီနဲ႔ ၃၂ မိနစ္ ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၂၇ ကီလိုဂရမ္ (၂.၈ ေပါင္) ရွိမွာ ျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

စျေးနှုန်း – ကန်ဒေါ်လာ ၁၁၂၂.၉၉

အားသာချက်

ပါးလွှာတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားသလို ပေါ့ပါးမှုလည်းရှိပါတယ်။ သူ့ရဲ့ High-res Retina Display ကလည်း ရုပ်ထွက်ပိုင်း ကြည်လင်ပြတ်သားမှုရှိသလို အလူမီနီယံ ကိုယ်ထည်ကလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လုံးဝမရှိစေတဲ့ recycle ဖြစ်မယ့်သတ္တုကို ရွေးချယ်ဖန်တီးထားတာ ဖြစ်ပါတယ်။ အသံထွက်ပိုင်း ကျယ်လောင်မှု ရှိသလို Touch ID စနစ်ထောက်ပံ့ပါ၀င်တာနဲ့ Thunderbolt 3 ပေါက်တွေ ပါ၀င်တာက ကျေနပ်စရာပါ။

အားနည်းချက်

CPU က Courei စီးရီး 8th Gen အမျိုးအစားဖြစ်ပေမယ့် U စီးရီး မဟုတ်တဲ့အတွက် စျေးကွက်ထဲက ပြိုင်ဘက်မော်ဒယ် Laptop တွေနဲ့ယှဉ်မယ်ဆိုရင် နှေးတယ်လို့ ပြောရမှာပါ။ နောက်တစ်ခုက သူ့မှာ သုံးထားတဲ့ Display က ရုပ်ထွက်ကာလာပိုင်းကောင်းမွန်ပေမယ့် တောက်ပမှုပိုင်းက ဒီထက် ပိုတောက်မယ်ဆိုရင်တော့ ပိုကောင်းမယ်လို့မြင်ပါတယ်။

သုံးသပ်ချက်

MacBook Air (2018) က သူ့အရင်ထွက်ခဲ့တဲ့ MacbBook Air ကို upgrade ပြုလုပ်ပြီး ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ Display က ပိုမိုကြည်လင်ပြတ်သားသလို ဒီဇိုင်းပိုင်းကလည်း ပါးလွှာ ပေါ့ပါးမှုရှိပါတယ်။ ခုဒီ Laptop မှာ လုံခြုံပိုင်းဆိုင်ရာ Touch ID စနစ် ထောက်ပံ့ပါ၀င်လာသလို သူ့ကိုတည်ဆောက်ထားတဲ့သတ္တုက သဘာဝပတ်ဝန်းကျင်ကို လုံးဝထိခိုက်မရှိဘဲ ၁၀၀ ရာခိုင်နှုန်း recycle ပြန်လုပ်နိုင်တဲ့ သတ္တုကို အသုံးပြုဖန်တီးထားတာ တော်တော်လေးမိုက်ပါတယ်။ CPU ပိုင်းက တခြားပြိုင်ဘက်တွေနဲ့ နှိုှုင်းယှဉ်မယ်ဆိုရင်တော့ နှေးတယ်လို့ဆိုရမှာဖြစ်ပေမယ့် ပုံမှန်အသုံးပြုနေကျ Multitasking အတွက် အသုံးပြုမှုကတော့ မြန်ဆန်မှုရှိပါတယ်။ နောက်တစ်ခုက သိုလှောင်မှုအတွက် သူ့မှာသုံးထားတဲ့ SSD ကလည်း တော်တော်လေးမြန်သလို အသံထွက်ပိုင်းကလည်း ကျေနပ်စရာကောင်းလှပါတယ်။ သူ့ရဲ့ စျေးနှုန်းက အခြားပြိုင်ဘက် မော်ဒယ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အနည်းငယ်များတယ်လို့ဆိုရမှာ ဖြစ်ပြီး ခေတ်နဲ့အညီ ပိုမိုစုံလင်တဲ့ လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါ၀င်လာတဲ့ MacBook Air ကတော့ သွားလေရာမှာ သယ်ဆောင်အသုံးပြုနိုင်တဲ့ သုံးစွဲသူ
အကြိုက် Laptop တစ်လုံးအဖြစ် ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 2560×1600 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Intel Core i5-8210Y Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD Graphics 617 GPU ထောက်ပံ့ပါ၀င်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128 GB SSD ကို အသုံးပြုထားပါတယ်။ WiFi 802.11 a/b/g/n/ac ၊ Bluetooth 4.2 ၊ လုံခြုံရေးဆိုင်ရာ Touch ID စနစ်၊ Thunderbolt 3 ပေါက်၊ USB Type-C ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါ၀င်ပါတယ်။
Display ရဲ့ တောက်ပမှုနှုန်း 150 nits နဲ့ WiFi ချိတ်ထားပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၃၂ မိနစ် ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂၇ ကီလိုဂရမ် (၂.၈ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com