Apple iPhone Batterygate ပြဿနာရှိသူတွေ ၂၅ ဒေါ်လာ ထုတ်ယူနိုင်

Apple ရဲ့ Batterygate ပြဿနာဆိုတာ ကုမ္ပဏီက ဖုန်းသစ်ရောင်းချနိုင်ဖို့ ဖုန်းဟောင်တွေရဲ့ စွမ်းဆောင်ရည်ကို လျှော့ချပစ်တယ်လို့ သုံးစွဲသူတွေ ခံစားခဲ့ရပါတယ်။ Apple အနေနဲ့ ဘက်ထရီသက်တမ်း တာရှည်ခံမှုကို လျှော့ချခဲ့ပါတယ်။

အမေရိကန်က iPhone သုံးစွဲသူက Batterygate ပြဿနာနဲ့ပတ်သက်ပြီး Apple ဆီက လျော်ကြေးရလိုမှုနဲ့ တရားစွဲခဲ့ရပါတယ်။ အခုအခါမှာတော့ Apple ဟာ Batterygate ပြဿနာခံရသူ အမေရိကန် iPhone သုံးစွဲသူတွေ အတွက် ၂၅ ဒေါ်လာ ပေးသွားပါမယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မတိုင်မီက ဝယ်ယူခဲ့တဲ့ iPhone 6, iPhone 6 Plus နဲ့ iPhone SE မှာ iOS 10.2.1 နဲ့နောက်ပိုင်း ဒါမှမဟုတ် iPhone 7 ဒါမှမဟုတ် iPhone 7 Plus မှာ iOS 11.2 ဒါမှမဟုတ် နှောင်းပိုင်း အသုံးပြုသူတွေပဲ ၂၅ ဒေါ်လာရရှိပါမယ်။

Apple ဟာ iPhone အဟောင်း စွမ်းဆောင်ရည်ကို တိတ်တဆိတ် ကျဆင်းအောင်ပြုလုပ်မှုနဲ့ အမေရိကန် စုပေါင်းတရားစွဲဆိုမှုအတွက် ကျေအေးပေးဖို့ ဒီနှစ်အစောပိုင်းမှာ သဘောတူလိုက်ပါတယ်။ အခုအမှုနဲ့ သက်ဆိုင်တဲ့ iPhone သုံးစွဲသူတစ်ဦးစီကို ၂၅ ဒေါ်လာအထိ ထောက်ပံ့ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ပေးချေမှုက ဒေါ်လာသန်း ၃၁၀ နဲ့ သန်း ၅၀၀ အကြား ရှိခဲ့ပါတယ်။

-စိုးထက်
Ref: GSMArena