Apple iPhone 12 အတွက် ထုတ်လုပ်လိုက်တဲ့ MagSafe ထုတ်ကုန်များ

Apple ဟာ အောက်တိုဘာ ၁၃ ရက် iPhone 12 ကိုမိတ်ဆက်ခဲ့တဲ့ပွဲမှာ MagSafe အားသွင်းနည်းပညာကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီနည်းပညာက သာမန် Qi ကြိုးမဲ့အားသွင်းစနစ်ထက် ၂ ဆ ပိုမြန်ပါတယ်။ ဖုန်းရဲ့ ကျောဘက်မှာ ကပ်ပြီး သုံးနိုင်မယ့် သံလိုက်အစိတ်အပိုင်း ဖြစ်ပါတယ်။ Apple Watch မှာ သံလိုက်အားသွင်းစနစ် အသုံးပြုသလိုမျိုး ဖြစ်ပါတယ်။ Apple က MagSafe နည်းပညာအတွက် လိုင်စင်ထုတ်ပေးတဲ့အတွက် Belkin လိုမျိုး charger ထုတ်လုပ်သူ ထုတ်ကုန်သစ်တွေ ထုတ်လုပ်နေပါတယ်။ Apple က အခြားကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ MagSafe ထုတ်ကုန်တွေကို စတိုးမှာ ရောင်းချနေပါတယ်။

MagSafe Charger (၃၉ ဒေါ်လာ)

ဒီထုတ်ကုန်ကတော့ MagSafe Charger ဖြစ်ပါတယ်။ iPhone 12 ကိုတင်ထားလိုက်တာနဲ့ အားသွင်းပေးပါတယ်။ USB-C ကတစ်ဆင့် ချိတ်ဆက်ပြီး စွမ်းအင်ရယူပေးတာ ဖြစ်ပါတယ်။

MagSafe ပါတဲ့ iPhone 12 Clear Case (၄၉ဒေါ်လာ)

iPhone 12 Clear case မှာ MagSafe လုပ်ဆောင်ချက်ပါဝင်လာပါတယ်။ ဒီကာဗာကို iPhone 12 Mini, iPhone 12 Pro နဲ့ iPhone 12 Max အတွက်လည်း ထုတ်ထားပါတယ်။

MagSafe ပါတဲ့ iPhone 12 Silicone Case (၄၉ဒေါ်လာ)

iPhone 12 Silicone Case ကတော့ ကိုယ်တွယ်ရတာ စီးစီးပိုင်ပိုင်ရှိသလို လက်လည်း မြဲပါတယ်။

MagSafe ပါတဲ့ iPhone သားရေပိုက်ဆံအိတ် (၅၉ဒေါ်လာ)

Apple ရဲ့ iPhone သားရေပိုက်ဆံအိတ်ကတော့ ဖုန်းရဲ့ကျောဘက်မှာ ကပ်ထားလို့ ရပါတယ်။ ပိုက်ဆံအိတ်ပုံစံ case ဖြစ်တာကြောင့် တော်တော်လည်း အသုံးဝင်ပါတယ်။

iPhone 12 Pitaka Magnetic Phone Case (ဒေါ်လာ ၅၀)

Pitaka ကတော့ iPhone 12 အတွက် သံလိုက် case ဖန်တီးတဲ့ ပထမဆုံး ကုမ္ပဏီဖြစ်ပါတယ်။ ပြန်လည်သန့်စင်ထားတဲ့ ကာဗွန်ဖိုက်ဘာအသားရှိပြီး MagSafe ဆက်စပ်ပစ္စည်းလည်း ဖြစ်ပါတယ်။

MagSafe Duo

Apple ပွဲအတွင်းမှာ မိတ်ဆက်ခဲ့တဲ့ MagSafe ထုတ်ကုန်ဖြစ်ပါတယ်။ အခုထုတ်ကုန်က iPhone 12 နဲ့ Apple Watch တစ်ပြိုင်တည်း အားသွင်းလို့ရတဲ့ ထုတ်ကုန် ဖြစ်ပါတယ်။

Belkin MagSafe Car Vent Mount Pro (ဒေါ်လာ ၄၀)

Belkin ရဲ့ ကိုယ်ပိုင် MagSafe ထုတ်ကုန်ဖြစ်ပါတယ်။ ကားထဲမှာ အသုံးပြုလို့ရပြီး iPhone နဲ့ Apple Watch ကိုအားသွင်းလို့ရပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««