Apple iPhone 12 ဈေးနှုန်း ပေါက်ကြားထွက်ပေါ်

Apple ကတော့ iPhone 12 မိတ်ဆက်မယ့်ရက်ကို တရားဝင် ကြေညာခဲ့ပါတယ်။ အခုဆိုရင်လည်း iPhone 12 ဈေးနှုန်းတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

သတင်းအရ Apple ဟာ iPhone 12 ဈေးနှုန်းတွေကို မြှင့်တင်ထားဖွယ်ရှိပါတယ်။ Apple Rumors ကတော့ twitter မှာ iPhone 12 မော်ဒယ်တစ်ခုချင်းစီ အလိုက် ဈေးနှုန်းတွေကို ထုတ်ဖော်ခဲ့ပါတယ်။ ဈေးနှုန်းတွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

  • iPhone 12 mini (5.4-inch) – 64GB ($649), 128GB ($699), 256GB ($799)
  • iPhone 12 (6.1-inch) – 64GB ($749), 128GB ($799), 256GB ($899)
  • iPhone 12 Pro (6.1-inch) – 128GB ($999), 256GB ($1099), 512GB ($1299)
  • iPhone 12 Pro Max (6.7-inch) – 128GB ($1099), 256GB ($1199), 512GB ($1399)

iPhone 12 mini ကတော့ iPhone 11 ထက် ဒေါ်လာ ၅၀ ပိုမိုလျော့နည်းပေမယ့် iPhone 12 ကတော့ ဒေါ်လာ ၅၀ ပိုမို ကျသင့်ပါမယ်။

Apple အနေနဲ့ ဈေးနှုန်းမြင့်မားတဲ့ 5G modem တွေထည့်သွင်းရတာကြောင့် ဖြစ်ပါတယ်။ ပြိုင်ဘက်တွေဖြစ်တဲ့ Samsung ကလည်း Galaxy Note 20 Ultra နဲ့ S20 Ultra တို့ကို ဒေါ်လာ ၁,၂၉၉ နဲ့ ဒေါ်လာ ၁,၃၉၉ နဲ့ စရောင်းချခဲ့ပါတယ်။

Apple ဟာ ဈေးနှုန်းမြင့်မားမှုကို လျှော့ချဖို့ ချိန်ညှိပေးမှု ပြုလုပ်ခဲ့ပါတယ်။ Apple ဟာ ဘက်ထရီပမာဏကို လျှော့ချသလို refresh rate နည်းပါးတဲ့ display တွေအသုံးပြုခဲ့ပြီး EarPod နဲ့အားသွင်း charger တွေကို မထည့်သွင်းတော့ဘူးလို့ သိရပါတယ်။

-စိုးထက်
Ref: Forbes

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««