Apple iPhone နဲ့ Samsung Galaxy ဖုန်းတွေထက် Huawei ဖုန်းကင်မရာ ပိုကောင်းသလား

Dxomark စမ်းသပ်ချက်အရ Huawei ရဲ့ Mate 40 Pro+ ကင်မရာက Apple နဲ့ Samsung ဖုန်းကင်မရာ စွမ်းဆောင်ရည်တွေထက် ပိုမိုကောင်းမွန်တာ တွေ့ရပါတယ်။

Dxomark ဟာ ကင်မရာသုံးသပ်ချက်တွေ ပြုလုပ်တဲ့ ကုမ္ပဏီ ဖြစ်ပြီး ကျော်ကြားပါတယ်။ Dxomark ရဲ့ ကင်မရာ ရမှတ်မှာ Huawei က ၁၃၉ မှတ် ရရှိခဲ့ပြီး Apple iPhone 12 Pro Max ဖုန်းထက် ၉ မှတ် များပါတယ်။ Samsung ရဲ့ Galaxy S 20 Ultra 5G (Exynos ဗားရှင်း) ထက်လည်း ရမှန် ၁၃ မှတ် များပါတယ်။ Mate 40 Pro + ဖုန်းက စမ်းသပ်မှု အမျိုးမျိုးမှာ ရမှတ်ကောင်း ရရှိခဲ့တယ်လို့ Dxomark က ဖော်ပြခဲ့ပါတယ်။ ရမှတ် အကောင်းဆုံးနေရာကတော့ ကျယ်ပြန်တဲ့ dynamic အကွာဝေး အရောင်ပြန်လည်ထုတ်လုပ်မှု၊ ဓာတ်ပုံပိုင်း အသေးစိတ်ဖော်ပြနိုင်မှုနဲ့ autofocus စွမ်းဆောင်ရည်ပဲ ဖြစ်တယ်။

Mate 40 Pro+ က ultra-wide နဲ့ telephoto ရိုက်ကူးမှု၊ Zoom ရမှတ်က ၉၈ အထိ ရရှိခဲ့တယ်။ S20 Ultra ကတော့ ၈၈ မှတ်နဲ့ iPhone 12 Pro Max ကနေ ၆၈ မှတ်ပဲ ရခဲ့ပါတယ်။ Dxomark စမ်းသပ်မှုမှာ Huawei Mate 40 Pro+ ကတော့ အမြင့်ဆုံး အမှတ်ရရှိခဲ့ပေမယ့် တချို့နေရာမှာ တိုးတက်ဖို့လိုပါသေးတယ်။ Dxomark ရဲ့စမ်းသပ်မှုအသစ် တစ်ခုက screen မှာရိုက်ကူးခဲ့တဲ့ပုံက အပြီးသတ် ဓာတ်ပုံနဲ့ ဘယ်လောက်တူညီမှုရှိလဲ ဆိုတာ စစ်ခဲ့ပါတယ်။

အဲဒီကဏ္ဍမှာတော့ Huawei ဖုန်းက Galaxy S20 Ultra နဲ့ iPhone 12 Pro ဖုန်းတွေထက် ရမှတ်နည်းပါတယ်။

-စိုးထက်
Ref: Forbes

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««